ရန်ကုန်တိုင်း မြို့နယ်လေးမြို့နယ်မှ နေရာအချို့တွင် မီးပြတ်မည်

ရန်ကုန်တိုင်း မြို့နယ်လေးမြို့နယ်မှ နေရာအချို့တွင် မီးပြတ်မည်
Published 28 August 2021

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် 66 KV သာကေတ-ပုသိမ်ညွန့် ဓာတ်အားလိုင်းနှင့် ထိစပ်နေသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် မြို့နယ်လေးမြို့နယ်မှ နေရာအချို့၌ သြဂုတ် ၂၉ ရက်တွင် မီးပြတ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက သတင်းထုတ်ပြန်သည်။

အဆိုပါ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ဓာတ်အားလိုင်းထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများကို သြဂုတ် ၂၉ ရက် (တနင်္ဂနွေနေ့) တွင် နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေချိန်အတွင်း တာမွေမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာကေတမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်နှင့် ဗဟန်းမြို့နယ်အတွင်းရှိ နေရာအချို့တွင် ယာယီဓာတ်အား ပြတ်တောက်မှုရှိမည်ဖြစ်ပြီး အရေးကြီးနေရာများ ဓာတ်အားပြတ်တောက်မှု မရှိစေရေးကိုလည်း အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent