တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့နှင့် ရွှေလီမြို့တို့တွင် COVID-19 တစ်ကျော့ပြန်တွေ့ရှိခဲ့ပြီး စက်ရုံ၊ အလုပ်ရုံနှင့် စျေးဆိုင်များ ပိတ်ထားခဲ့မှုကြောင့် မြန်မာလုပ်သားများ စားဝတ်နေရေးအခက်အခဲများဖြစ်ပေါ်ခဲ့ရာ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသူ များလာ

တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့နှင့် ရွှေလီမြို့တို့တွင် COVID-19 တစ်ကျော့ပြန်တွေ့ရှိခဲ့ပြီး စက်ရုံ၊ အလုပ်ရုံနှင့် စျေးဆိုင်များ ပိတ်ထားခဲ့မှုကြောင့် မြန်မာလုပ်သားများ စားဝတ်နေရေးအခက်အခဲများဖြစ်ပေါ်ခဲ့ရာ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသူ များလာ
Published 28 August 2021

နန်းတော်ဂိတ်ပေါက်မှ ဝင်ရောက်လာသူများအား တွေ့ရစဉ်

တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့နှင့် ရွှေလီ မြို့တို့တွင် COVID-19 တစ်ကျော့ပြန်တွေ့ရှိ ခဲ့ပြီး စက်ရုံ၊ အလုပ်ရုံနှင့် စျေးဆိုင်များပိတ် ထားခဲ့မှုကြောင့် သွားရောက်အလုပ်လုပ် ကိုင်သော မြန်မာ လုပ်သားများ စားဝတ်နေ ရေး အခက်အခဲများဖြစ်ပေါ်ခဲ့ရာ ပြည်တွင်း သို့ ပြန်လည်ဝင်ရောက်လာသူများလာ ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဂျယ်ဂေါင် ရွှေလီမြို့များရှိ နေရပ်ပြန် မြန်မာနိုင်ငံသား ၄၆၅ ဦးသည် မူဆယ် မြို့ နှစ်နိုင်ငံပြည်ဝင်ပြည်ထွက် စစ် ဆေးရေးဂိတ်နန်းတော်ပေါက်ဂိတ်မှ  တစ် ဆင့် သြဂုတ် ၂၇ ရက် နံနက် ၈ နာရီခွဲမှစတင် ၍ ထပ်မံဝင်ရောက်လာကြောင်းသိရသည်။

အဆိုပါ နေရပ်ပြန်မြန်မာနိုင်ငံသား အမျိုးသား  ၂၆၄ ဦး အမျိုးသမီး ၂၀၁ ဦး စုစု ပေါင်း ၄၆၅ ဦးသည် မြန်မာပြည် ဒေသအသီး သီးမှ တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့နှင့် ရွှေလီ မြို့တို့တွင် သွားရောက်အလုပ်လုပ်ကိုင်နေ ရာမှ၎င်းင်းမြို့များတွင်COVID-19 တစ်ကျော့ ပြန်တွေ့ရှိခဲ့မှုကြောင့်အလုပ်ရုံစက်ရုံ၊စျေး ဆိုင် များပိတ်ထားခဲ့မှုကြောင့် စားဝတ်နေရေး အခက်အခဲများဖြစ်ပေါ်ခဲ့ရာမှ မိမိဆန္ဒအ လျောက် မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများဖြစ်ကြောင်းသိရသည်။

တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့နှင့် ရွှေလီ မြို့တို့ တွင် Lockdown ချထားစဉ်ကာလ အတွင်း  အခက်အခဲဖြစ်ပေါ်နေသော မြန်မာ နိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လာ နိုင်ရန် နှစ်နိုင်ငံတာဝန်ရှိသူများ ပူးပေါင်း ညှိနှိုင်း စီစဉ်ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၂၆ ရက် မှ စတင်၍ လက်ခံဆောင်ရွက်ခဲ့ရာ ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၂၆ ရက်အထိ  အမျိုးသား ၃၈၉၄ ဦး အမျိုးသမီး  ၃၆၃၀ ဦး စုစုပေါင်း ၇၅၂၄ ဦး အမိမြန်မာနိုင်ငံသို့ ပြန်လည် ဝင် ရောက်လာနိုင်ခဲ့ပြီး ထပ်မံပြန်လည်ဝင် ရောက်လိုသူ မြန်မာနိုင်ငံသား ထောင်နှင့်ချီ ကျန်ရှိနေသေးကြောင်း သိရသည်။

 အဆိုပါ နေရပ်ပြန်မြန်မာနိုင်ငံသားများ ကို မူဆယ်မြို့ရှိ ပြည်တော်ပြန် လက်ခံရေး ကော်မတီက စနစ်တကျ လက်ခံ ဆောင်ရွက် ပေးခဲ့ပြီး မူဆယ်မြို့နယ် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီ နှင့် သယ်ယူပို့ဆောင်ရေးကော်မတီတို့က နေရပ် ပြန်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည် ဟု ပြန်တော်ပြန်လက်ခံရေး အဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

ပြည့်စုံ(မူဆယ်)

Most Read

Most Recent