အာတီတာက ဒီရာသီ ပရီးမီးယားလိဂ်ကနေ အစောဆုံးထုတ်ပယ်ခံရနိုင်တဲ့ နည်းပြအဖြစ် ရေပန်းစားလာခဲ့ပါတယ်။ ရာသီအဖွင့် ပွဲစဉ်တစ်ပွဲ မှာ အမှားအယွင်းဖြစ်လိုက်ရုံနဲ့ အဲဒီလောက်အထိ သက်ရောက်မှုက ကြီးမားသွားစေသလား။ ဒါ ဟာ မစွမ်းရင်းရှိလို့ ကန်ဇွန်းခင်းငြိတဲ့သဘောပါပဲ။ ပရီးမီးယားလိဂ်ရာသီအဖွင့်မှာ လက်ရှိချန်ပီယံ မန်စီးတီးအသင်းလည်း ရှုံးခဲ့တာပါပဲ။ ဒါပေမဲ့ မန်စီးတီးအသင်း အရှုံးပေးခဲ့ရတာက ထိပ်သီး ပြိုင်ဘက် စပါးအသင်းပါ။ အာဆင်နယ်အသင်း အရှုံးပေးခဲ့ရတာက ပရီးမီးယားလိဂ်ကို အခုမှ ပထမဆုံးအကြိမ်တန်းတက်လာတဲ့ ဘရန့်ဖို့ဒ်အ သင်းပါ။ အခြေအနေချင်း ခြားနားလွန်းပါတယ်။ ဒီလိုအသင်းကိုမှ အရှုံးပေးရတယ်ဆိုရင် တခြား ပြိုင်ဘက်တွေကို ဘယ်လိုရင်ဆိုင်မလဲ။ ယုံစား မှုလျော့ပါးနေတဲ့ နည်းပြဖြစ်တာကြောင့်လည်း အခုလို မေးခွန်းထွက်လာခဲ့တာပါပဲ။ အာဆင်် နယ်အသင်းက ထိပ်သီးပြိုင်ဘက်တွေလို ပြင် ဆင်အားဖြည့်နိုင်ခြင်းမရှိဘူးဆိုတာ အားလုံး လက်ခံထားပြီးသားပါ။ ရှိတဲ့ဆေးနဲ့ ရေးနေရတဲ့ ပန်းချီကားတစ်ချပ် အရောင်အသွေးစုံလင်နိုင်မှာ မဟုတ်ဘူးဆိုတာလည်း နားလည်ပေးထားပြီး သားပါ။ ဒါပေမဲ့ ဘရန့်ဖို့ဒ်လို တန်းတက်အသင်း ဆီက (၃)မှတ်ယူနိုင်တဲ့အထိတော့ အစွမ်းအစ ရှိသင့်တယ်မဟုတ်ဘူးလား။
စက်တင်ဘာအထိ ဆက်ရှိပါ့မလားအာတီတာ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
13 hours ago
13 hours ago
13 hours ago
13 hours ago