စင်ကာပူမှ စစ်တကောင်းမြို့သို့ ထွက်ခွာလာသည့် MV Tan Binh 127 ရေယာဉ်သည် မြန်မာရေပိုင်နက်အတွင်း မောင်းသူမဲ့ မျောပါလျက်ရှိသဖြင့် ရေယာဉ်များအန္တရာယ်ကင်းရှင်းရန် ရေကြောင်းသတိပေးချက် ထုတ်ပြန်ထား

စင်ကာပူမှ စစ်တကောင်းမြို့သို့ ထွက်ခွာလာသည့် MV Tan Binh 127 ရေယာဉ်သည် မြန်မာရေပိုင်နက်အတွင်း မောင်းသူမဲ့ မျောပါလျက်ရှိသဖြင့် ရေယာဉ်များအန္တရာယ်ကင်းရှင်းရန် ရေကြောင်းသတိပေးချက် ထုတ်ပြန်ထား
MV Tan Binh 127 ရေယာဉ်ကို တွေ့ရစဉ်
MV Tan Binh 127 ရေယာဉ်ကို တွေ့ရစဉ်
Published 4 August 2021

သြဂုတ် ၁ရက်က စင်ကာပူနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့သို့ ထွက်ခွာလာသည့် MV Tan Binh 127 ရေယာဉ် တနင်္သာရီတိုင်းဒေသကြီး၊ ဇာဒက်ကြီးကျွန်း အနောက်ဘက်ရေမိုင် ၉ဝခန့်အကွာ မြန်မာနိုင်ငံ၏ EEZ အတွင်း သင်္ဘောထဲသို့ ရေဝင်မှု (Flooding) ဖြစ်ပွားခဲ့ပြီး ရေယာဉ်မှူးအပါအဝင် ရေယာဉ်ဝန်ထမ်းများ ရေယာဉ်မှ စွန့်ခွာခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ မောင်းသူမဲ့ မျောပါလျက်ရှိသည့်အတွက် ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် တည်နေရာအနီး ခုတ်မောင်းသွားလာလျက်ရှိသော ရေယာဉ်များအနေဖြင့် စောင့်ကြပ်ကြည့်ရှုနိုင်မည့် ကြည့်ကင်းများဖြင့် သတိပြုခုတ်မောင်းသွားလာရန် လိုအပ်မည်ဖြစ်ပြီး အဆိုပါဧရိယာအား  ဘေးအန္တရာယ်ကင်းစွာ ရှောင်ရှားသွားလာကြရန်နှင့် အဆိုပါရေယာဉ်အား တွေ့ရှိပါက Martime Rescue Coordination Centre (MRCC) သို့ ဆက်သွယ်သတင်းပို့ကြရန် ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

အများပြည်သူ ရုံးပိတ်ရက်များတွင် ပင်လယ်ရေကြောင်းမှ ကုန်သေတ္တာဖြင့် တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများအား ဆိပ်ကမ်းမှ ထုတ်ယူနိုင်ရေးအတွက် နေ့စဉ် ပိတ်ရက်မရှိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်ချက်အရ သိရသည်။

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ၂၀၂၁ ခုနှစ် သြဂုတ် ၂ ရက်နေ့မှ ၈ ရက်နေ့အထိ တစ်ဆက်တစ်စပ်တည်း အများပြည်သူရုံးပိတ်ရက်အဖြစ် ကြေညာပေးခဲ့ကြောင်း သိရသည်။ သို့ရာတွင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မရပ်တန့်စေရေးနှင့် ပြည်ပမှ ပင်လယ်ရေကြောင်းဖြင့် တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများ ပြည်သူများလက်ဝယ်သို့ အမြန်ဆုံးရောက်ရှိစေရေးအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းတံတားအသီးသီးသည် ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာနသည် ရုံးပိတ်ရက်အတွင်း DO ၊ Shipping Instruction (SI) နှင့် 90/91 များကို နေ့စဉ်ပိတ်ရက်မရှိ ထုတ်ပေးသွားမည်ဖြစ်ပြီး အထူးသဖြင့် ဆေးနှင့် ဆေးပစ္စည်းများကို အမြန်ထုတ်ယူနိုင်ရေးအတွက် ဦးစားပေး ဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် ဆေးနှင့် ဆေးပစ္စည်း တင်သွင်းထားကြသူများအနေဖြင့် ကိုယ်စားလှယ်လုပ်ငန်းဌာန၊ ဌာနခွဲ (၁) ဖုန်း ၀၉၅၁၁၂၈၇၃ သို့ အမြန်ဆုံးဆက်သွယ်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။

COVID-19 ရောဂါကုသရေးနှင့် ထိန်းချုပ်ရေးအတွက် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သေတ္တာဖြင့် တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများအား AWPT ၊ HPT ၊ MIP နှင့် MITT ဆိပ်ကမ်း တံတားအသီးသီးမှ အမြန်ဆုံးထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာနသည် ပြည်ပမှ ပင်လယ်ရေကြောင်းဖြင့် တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများအား ပြည်သူများထံသို့ အမြန်ဆုံး ရောက်ရှိစေရန် AWPT ၊ HPT ၊ MIP နှင့် MITT ဆိပ်ကမ်းတံတား အသီးသီးသို့ ရောက်ရှိပြီးဖြစ်သည့် ဆေးနှင့် ဆေးပစ္စည်း ကုန်သေတ္တာများကို အမြန်ဆုံးနှင့် ချက်ချင်း ထုတ်ပေးသွားနိုင်ရန် လိုအပ်သည်များကို စီစဉ်ပေးလျက်ရှိကြောင်း သိရသည်။

COVID-19 ရောဂါကုသရေးနှင့် ထိန်းချုပ်ရေးအတွက် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သေတ္တာဖြင့် တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများအား ဆိပ်ကမ်းတံတားများမှ အမြန်ဆုံးထုတ်ပေးနိုင်ရန် အကောက်ခွန်ဦးစီးဌာနနှင့် ပူးပေါင်း၍လုပ်ဆောင်နေကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယခုအခါ အခြားအိမ်နီးချင်းနိုင်ငံများ နည်းတူ မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါမျိုးကွဲသစ်များ ကူးစက်ပျံ့နှံ့လျက်ရှိရာ ရောဂါကုသရေးနှင့် ကူးစက်ပျံ့ပွားမှုများအား တားဆီးကာကွယ်ထိန်းချုပ်ရေးတို့ကို အထောက်အကူပြုစေရန်အတွက် ပင်လယ်ရေကြောင်းဖြင့် ပြည်ပမှ မှာယူတင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများကို ပြည်သူများထံသို့ အမြန်ရောက်ရှိစေရေးအတွက် ဆေးနှင့် ဆေးပစ္စည်းကုန်သေတ္တာများအား အမြန်ဆုံး ဆိပ်ကမ်းမှထုတ်ပေးနိုင်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းတံတားများသည် အကောက်ခွန်ဦးစီးဌာနနှင့် ညှိနှိုင်းပူးပေါင်း၍ ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပင်လယ်ရေကြောင်းမှ တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများတွင် COVID-19 ရောဂါကူးစက်ခံလူနာများအား ကုသရာတွင် လိုအပ်သည့် အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ပစ္စည်း (Oxygen Concentrator) များ၊ အခြားဆေးပစ္စည်းများနှင့် ဆေးဝါးများ ပါဝင်ကြောင်း သိရသည်။