အများပြည်သူ ရုံးပိတ်ရက်များဖြစ်သော သြဂုတ် ၂ မှ ၈ ရက်အထိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်မည်

အများပြည်သူ ရုံးပိတ်ရက်များဖြစ်သော သြဂုတ် ၂ မှ ၈ ရက်အထိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်မည်
Published 2 August 2021

အများပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ်ထားသော သြဂုတ် ၂ မှ ၈ ရက်အထိ ရုံးပိတ်ရက်များတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့် အလုပ်တာဝန်များ  ရပ်ဆိုင်းထားမည်မဟုတ်ဘဲ ပို့ကုန်သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး COVID-19 ကူးစက်ရောဂါကာကွယ် ကုသရေးပစ္စည်းများ တင်သွင်းမှုများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွငး်ခွင့် ပြုပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ရက်များတွင် ကုန်သွယ်ရေး ဦးစီးဌာန (ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်) တို့မှ အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားမှုများကို ရုံးချိန်အတွင်း ပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

မူဆယ်နယ်စပ်မှတင်သွင်းမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ဆိုင်ရာပစ္စည်းများ လွယ်ကူလျင်မြန်စွာ ရောက်ရှိရေးအတွက် ကုမ္ပဏီများအနေဖြင့် တင်ပြလျှောက်ထားသည့်စာများတွင် တစ်ဖက်တရုတ်နိုင်ငံရှိ ဆက်သွယ်ရမည့် လူအမည်၊ ကုမ္ပဏီအမည်၊ တရုတ်ဖုန်းနံပါတ်များကို ထည့်သွငး်ဖော်ပြပေးနိုင်ပါရန် အသိပေးထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းသို့ အသိပေးထားသဖြင့် အကူအညီလိုအပ်ပါက သက်ဆိုင်ရာဌာများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ Contact POerson များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ website တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။         

ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးနှင့် ဆေးပစ္စည်း တင်သွင်းနိုင်ရေးအတွက် ဆက်သွယ်မေးမြန်းနိုင်သည့် Contact Person များအနေဖြင့် (၁) ဦးနန္ဒ၊ ညွှန်ကြားရေးမှူး၊ ကုန်သွယ်ရေး ဦးစီးဌာန (ရုံးချုပ်) - ၀၆၇-၃၄၀၈၀၁၄၊ ဦးမောင်မောင်လွင်၊ ဒုတိယညွှန်ကြားရေးမှူး၊ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ ၀၉၄၄၃၂ -၁၂၄၁၅၊ ဦးမျိုးမင်း၊ ဒုတိယညွှန်ကြားရေးမှူး၊ မြဝတီကုန်သွယ်ရေးဇုန်၊ ၀၉၄၂၉၂၁၅၆ -၁၀၊ ဦးစိန်ဝင်း၊ ညွှန်ကြားရေးမှူး၊ တာချီလိတ်ကုန်သွယ်ရေးစခန်း၊ ၀၉၅၀၂၄၈၂၁၊ ဦးတင်လတ်၊ ညွှန်ကြားရေးမှူး၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၊ ၀၉၂၅၄၀၇၅၈၁၄၊ ဦးတင်ရွှေဦး၊ ညွှန်ကြားရေးမှူး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ၀၆၇-၃၄၀၈ -၂ ၉၁၊ ဒေါက်တာမျိုးဇာနည်စော၊ ဒုတိယညွှန်ကြားရေးမှူး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ၀၆၇-၃၄၀၃ ၀၉၁၊ ဦးမောင်မောင်လွင်၊ ညွှန်ကြားရေးမှူး၊ အကောက်ခွန်ဦးစီးဌာန၊ ၀၉၅၀၇၅၆၅၈ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Oxygen Concentrator များ တင်သွင်းမှုအတွက် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ဖြေလျှော့မည်ဖြစ်ပြီး ရေကြောင်း၊ လေကြောင်းမှတင်သွင်းမှုအတွက် SO ဖြင့် ခွင့်ပြုပြီး နယ်စပ်မှလည်း အမြန်ဆုံးတင်သွင်းနိုင်မည့်နည်းလမ်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Most Read

Most Recent