COVID-19 ရောဂါကုသရာတွင် အသုံးစရိတ်များ ကျခံသုံးစွဲရန် ခိုင်လုံသည့် အထောက်အထားများဖြင့် တင်ပြလာပါက ဘဏ်ငွေစာရင်းအသီးသီးမှ ငွေသားထုတ်ယူခြင်းကို ကန့်သတ်ပမာဏထက် ကျော်လွန်၍ မိမိဘဏ်၏ မူဝါဒအတိုင်း ငွေသား လက်ကျန်အပေါ်မူတည်ပြီး ငွေထုတ်ပေးရန် ဘဏ်များသို့ ဗဟိုဘဏ်က ညွှန်ကြားချက်ကို ၂၀၂၁ ခုနှစ် ဇူလိုင် ၂၈ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ ၌ ကူးစက်ပျံ့နှံှုမှု မြန်ဆန်သော COVID-19 ရောဂါပျံ့နှံဖြစ်ပွားလျက်ရှိရာ အများပြည်သူ COVID-19 ရောဂါကုသရာတွင် အသုံးပြုသည့် ဆေးဝါးများ၊အောက်ဆီဂျင် ၊ Oxygen Plant နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရန်နှင့် ဆေးရုံ၊ဆေးခန်းများ၊ Quarantin Center များအတွက် အသုံးစရိတ် များ ကျခံသုံးစွဲရန် ခိုင်လုံသည့်အထောက် အထားများဖြင့် တင်ပြလာပါက သေချာစွာ စိစစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်းပါစဖြင့် “ဘဏ်ငွေစာရင်းအသီးသီးမှ ငွေသားထုတ်ယူခြင်းကို လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် တစ်ပတ်လျှင် အများဆုံးကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီနှင့်အဖွဲ့အစည်းများအ တွက် တစ်ပတ်လျှင် အများဆုံးကျပ်သိန်း ၂၀၀ ” သတ်မှတ်ချက်ထက် ကျော်လွန်၍ မိမိဘဏ်၏ မူဝါဒအတိုင်း ငွေသားလက် ကျန်အပေါ်မူတည်ပြီး ငွေထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးရန် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂ လိကဘဏ်များနှင့် နိုင်ငံခြားဘဏ်၊ဘဏ်ခွဲ နှင့် လက်အောက်ခံဘဏ်များသို့ မြန်မာနိုင် ငံတော်ဗဟိုဘဏ်က အကြောင်းကြားထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
COVID-19 တတိယလှိုင်းဖြစ်ပွား လျက်ရှိပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ Stay at Home အစီအစဉ်များဆောင်ရွက်လျက်ရှိရာ ဘဏ်သို့ သွားရောက်ရန် အခက်အခဲရှိသဖြင့် ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်း များတွင် ဆေးကုသမှုခံယူခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်း ဝယ်ယူခြင်းတို့အတွက် အီလက်ထရွန်နစ်ငွေပေးချေမှုနည်းလမ်းဖြင့် လက်ခံဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဒစ်ဂျစ်တယ်စီးပွားရေးအဆောက်အအုံသို့ အသွင်ကူးပြောင်းဆောင်ရွက်မှုု လုပ်ငန်းစဉ်များ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် နှင့် ငွေပေးချမှုစနစ်များ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ရန် ကြိုးပမ်းလျက်ရှိ သည်။
“ငွေပေးချရာတွင် A/C Transfer, Digital Payment များဖြင့် ပိုမိုပေးချေရေးကို ဘဏ်များမှ တားဂတ်ထား ဆောင်ရွက်ရန် နှင့် ဘဏ်နှင့်ဆက်သွယ်သူကုန်သည်များ ၏ Digital Sales (Pay/Wallet/Cards/Account Transfer) များပေါ်တွင် တစ်လ အတွင်း ရောင်းချမှုပမာဏ၏အများဆုံး ရာခိုင်နှုန်း ၅၀ အထိသာ ငွေသားထုတ်ယူ ခွင့်ကို တစ်လလျှင် နှစ်ကြိမ်သို့မဟုတ် သုံးကြိမ် အထိသာ စိစစ်ခွင့်ပြုရန်” အတွက် ဘဏ် များအားလုံးသို့ ညွှန်ကြားထားပြီးဖြစ်သည်။
မြန်မာနိုင်ငံ၌ COVID-19 တတိယလှိုင်း ဖြစ်ပွားလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ Stay at Home အစီအစဉ်များ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာ ဆေးရုံ၊ဆေးခန်းများ၌ ဆေးကုသမှုခံယူသူ များအနေဖြင့် ဘဏ်သို့ သွားရောက်ရန် အ ခက်အခဲများရှိနေခြင်း၊ ရောဂါကူးစက်လွယ် သည့် ငွေသားများအား ကိုင်တွယ်သုံးစွဲရန် မသင့်လျော်ခြင်းနှင့် အခြားအရေးကြီးလူ နာများအနေဖြင့်လည်း ဆေးကုသစရိတ် များ ပေးချရာတွင် ငွေသားဖြင့် ပေးချေရန် အခက်အခဲများရှိကြောင်း သိရသည်။
သို့ဖြစ်ရာ ပြည်သူလူထူ၏ ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ငွေပေးချေမှုများအား အဆင်ပြေစွာ ဆောင်ရွက် နိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၊ ကုသရေးဦးစီးဌာနမှ ဆေးရုံ၊ဆေး ခန်း ဖွင့်လှစ်ခွင့်လိုင်စင်ပေးထားသော ပုဂ္ဂလိက ဆေးရုံဆေးခန်းများတွင် ဆေးကုသမှုခံယူ ခြင်း၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ ဝယ်ယူခြင်းတို့အတွက် ငွေပေးချမှုများအား အထက်အပိုဒ်(၁)ပါ အီလက်ထရွန်နစ် ငွေ ပေးချေမှုနည်းလမ်းဖြင့် ဦးစားပေးလက်ခံ ဆောင်ရွက်စေရန်နှင့် အဆိုပါ Digital Payment ဖြင့် လက်ခံရောင်းချထားသည့် ငွေပမာဏ၏အများဆုံး ရာခိုင်နှုန်း ၅၀ ကို တစ်လလျှင် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ခန့်ထိ စိစစ်၍ သက်ဆိုင်ရာဘဏ်များမှ ငွေသား ထုတ်ပေးမည်ဖြစ်သဖြင့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများအသီးသီးမှ ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ထားကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။










