ရာသီကြို ဖလော်ရီဒါဖလားပြိုင်ပွဲမှ အာဆင်နယ်အသင်းအပြင် အင်တာမီလန်အသင်းပါ ထပ်မံနုတ်ထွက်

ရာသီကြို ဖလော်ရီဒါဖလားပြိုင်ပွဲမှ အာဆင်နယ်အသင်းအပြင် အင်တာမီလန်အသင်းပါ ထပ်မံနုတ်ထွက်
Photo: Florida Cup
Photo: Florida Cup
Published 22 July 2021

အမေရိကန်နိုင်ငံတွင် ကျင်းပမည့် ရာသီကြို ဖလော်ရီဒါဖလားပြိုင်ပွဲမှ အာဆင်နယ်အသင်းအပြင် အင်တာမီလန်အသင်းပါ ထပ်မံနုတ်ထွက်ခဲ့ကြောင်း သိရသည်။

အာဆင်နယ်အသင်းက အမေရိကန်သို့ သွားရောက်မည့် အဖွဲ့အတွင်း COVID-19 Positive တွေ့ရှိမှု အနည်းငယ်ရှိသဖြင့် ခရီးစဉ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် ယင်းပြိုင်ပွဲတွင် အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် အင်တာမီလန်အသင်းကလည်း COVID-19 ရောဂါအန္တရာယ်စိုးရိမ်ရသဖြင့် ထပ်မံနုတ်ထွက်ကြောင်း ဗုဒ္ဓဟူးနေ့ ညပိုင်းတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

ရာသီကြို ဖလော်ရီဒါဖလားပြိုင်ပွဲကို လေးသင်းပြိုင်ပွဲအဖြစ် ကျင်းပရန် စီစဉ်ထားပြီး မြန်မာစံတော်ချိန် တနင်္လာနေ့ (ဇူလိုင် ၂၆ ရက်) နံနက်ပိုင်းတွင် ဆီမီးဖိုင်နယ်အဖြစ် အာဆင်နယ်နှင့် အင်တာမီလန်၊ အဲဗာတန်နှင့် ကိုလံဘီယာ ကလပ် မီလွန်နာရီယို့စ်အသင်းတို့ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားကြောင်း သိရသည်။

ဆီမီးဖိုင်နယ်တွင် အနိုင်ရသည့်နှစ်သင်းမှာ ဗိုလ်လုပွဲနှင့် ရှုံးနိမ့်သည့်နှစ်သင်းမှာ တတိယနေရာလုပွဲ ထပ်မံကစားရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် နှစ်သင်းသာ ကျန်ရှိသော်လည်း ပြိုင်ပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် အာဆင်နယ်-အင်တာမီလန်ပွဲအတွက် လက်မှတ်ဝယ်ယူထားသူများကို လက်မှတ်ဖိုး ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Most Read

Most Recent