ဦးခေါင်းဒဏ်ရာကြောင့် (၈)လကြာ အနားယူခဲ့ရသည့် ဝုလ်ဗ်တိုက်စစ်မှူး ဟီိမင်နက်ဇ် ခြေစမ်းပွဲတွင် ပါဝင်ကစား

ဦးခေါင်းဒဏ်ရာကြောင့် (၈)လကြာ အနားယူခဲ့ရသည့် ဝုလ်ဗ်တိုက်စစ်မှူး ဟီိမင်နက်ဇ် ခြေစမ်းပွဲတွင် ပါဝင်ကစား
Photo: Squawka
Photo: Squawka
Published 19 July 2021

ဦးခေါင်းဒဏ်ရာကြောင့် (၈)လကြာ အနားယူခဲ့ရသော ဝုလ်ဗ်အသင်း၏ မက္ကဆီကိုတိုက်စစ်မှူး ရာအူးလ်ဟီမင်နက်ဇ်သည် စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ရာသီကြိုခြေစမ်းပွဲတွင် ပါဝင်ကစားခဲ့ကြောင်း သိရသည်။

ဟီမင်နက်ဇ်သည် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလက အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဦးခေါင်းဒဏ်ရာ ရခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း(၂၃၀)ကြာမှ ဘောလုံးပြန်ကစားနိုင်ခြင်းလည်းဖြစ်သည်။

ဟီမင်နက်ဇ်သည် ခရူဝီအသင်းအား (၀-၁)ဂိုး ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ဝုလ်ဗ်အသင်းအတွက် ပထမဆုံးအကြိမ် ပြန်ကစားခဲ့ခြင်းဖြစ်ပြီး ဦးခေါင်းအကာဝတ်ဆင်ကာ ယှဉ်ပြိုင်ကစားခဲ့ကြောင်းလည်း သိရသည်။

ဝုလ်ဗ်အသင်းက ဟီမင်နက်ဇ် ပြန်ကစားနိုင်ပြီဖြစ်ကြောင်းကို Twitter မှတစ်ဆင့် ပရိသတ်များကို အသိပေးခဲ့ပြီး ''မင်းအတွက် ငါတို့အားလုံး ဂုဏ်ယူနေတယ် ရာအူးလ်ဟီမင်နက်ဇ်။ ဒီနေရာမှာ မင်းကို ပြန်တွေ့ရတာလည်း အလွန်ကျေနပ်စရာကောင်းပါတယ်''ဟု ရေးသားဖော်ပြခဲ့ကြောင်း သိရသည်။

Most Read

Most Recent