လူနည်းစု ဟာဇာရာမျိုးနွယ်ကနေ ဆင်းသက်လာတဲ့ ဇာဒါဟာ အီရန်ကို ပြည်နှင်ဒဏ်ခံရချိန်မှာ စက်ဘီးစစီးဖြစ်ခဲ့ပါတယ်။ မိသားစုက ကာဘူးလ်မြို့ကို ပြန်လာခဲ့ပြီး နိုင်ငံလက်ရွေးစင် စက်ဘီးအသင်းနဲ့ သူစတင်ပူးပေါင်းချိန်မှာ အသက် (၁၆)နှစ်အရွယ်သာ ရှိသေးတာပါ။ အာဖဂန်နစ္စတန်မှာ စက်ဘီးစီးတာဟာ တိုက်ခိုက်ခံရမှုတွေ၊ ကျောက်တုံးနဲ့ပစ်ခံရမှုတွေ၊ မိသားစုအကျပ် ကိုင်မှုတွေ၊ နှုတ်နဲ့စော်ကားခံရမှုတွေ ရှိလာလိမ့်မယ်လို့ ဇာဒါတစ်ယောက် မတွေးထား ခဲ့ပါဘူး။ "ကျွန်မတို့အပေါ် တိုက်ခိုက်ခဲ့သူ တွေကို အမှတ်မထားပါဘူး။ ဒါဟာ ခက်ခဲ မယ်လို့တော့ သိပါတယ်။ ကျွန်မ စက်ဘီးစ စီးတဲ့ ပထမနှစ်မှာ လူတစ်ယောက်က ကျွန်မ ကို တိုက်ခိုက်ခဲ့ပါတယ်။ သူက ကားထဲမှာ ထိုင်ပြီး နောက်ကနေ သူ့ရဲ့လက်နဲ့တိုက်ခိုက်ခဲ့တာပါ။ စက်ဘီးစီးတဲ့ အမျိုးသမီးအားလုံးနီးပါးဟာ ဒီလိုအ တွေ့အကြုံမျိုးတွေ ခံစားခဲ့ရပါတယ်။ လူတွေက ကျွန်မတို့ကို ရန်ရှာခဲ့ကြပါတယ်" လို့ ဇာဒါက သူ့ရဲ့ အတွေ့အကြုံတွေကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။
အာဖဂန်အမျိုးသမီးစက်ဘီးသမားတစ်ဦးရဲ့ အိုလံပစ်အိပ်မက်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
13 hours ago
13 hours ago
13 hours ago
13 hours ago