မော်ရင်ဟိုရဲ့" Stay Crazy and Hungary " စာအုပ်ထဲက ဖွင့်ဟချက်တွေကို ကြားပြီးချိန်မှာ သူဆိုလိုတာကို အနည်းငယ်ရိပ်စားမိလာတယ်။ ဒီအကြောင်းပြချက်က လက်ခံနိုင်လောက်တဲ့ ဆင် ခြေလို့လည်း မြင်လာရတယ်။ လူတစ်ယောက်ရဲ့ အအောင်မြင်ဆုံးကာလတစ်ခုကို စံအနေနဲ့ယူပြီး လက်ကျန်ဘဝတစ်လျှောက် ကြုံရမယ့် အနိမ့်အ မြင့်တွေကို ချိန်ထိုးသုံးသပ်ရတာ မမျှတဘူးလို့ လည်း ခံစားရစေတယ်။ တကယ်တော့ လက်ရှိအ သက်အရွယ်မှာ ပရော်ဖက်ရှင်နယ်ဘဝက အနား ယူလိုက်မယ်ဆိုရင်တောင် သူက သမိုင်းတစ် လျှောက် အကောင်းဆုံးနည်းပြတွေထဲက တစ်ဦး အဖြစ် အသိအမှတ်ပြုခံရပြီးသား ပုဂ္ဂိုလ်တစ်ဦးပါ။ လက်ရှိဘောလုံးလောကထဲက နည်းပြ တွေထဲမှာ သူနဲ့ ဂွါဒီယိုလာက ဆုဖလားအောင် မြင်မှုအများဆုံးနည်းပြတွေအဖြစ်ရှိနေတယ်။ နည်းဗျူဟာအသစ်အဆန်းတွေ၊ လူငယ်ခြေတက် နည်းပြတွေ အပြိုင်အဆိုင် ထွန်းတောက်လာတဲ့ ဒီဘက်ခေတ်မှာ သူပြောသလိုပဲ လူတစ်ယောက်၊ အသင်းတစ်သင်း မအောင်မြင်တိုင်း ကျရှုံး တယ်လို့ သတ်မှတ်လို့ မရတော့တာ အမှန်ပဲ။
အောင်မြင်မှုရဲ့သားကောင် မော်ရင်ဟို
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
1 hour ago