ဆောက်သမ်တန်အသင်း၏ အဓိကတိုက်စစ်မှူးဖြစ်သူ ဒန်နီအင့်စ်သည် အသင်းတာဝန်ရှိသူများအား အသင်းမှ သူထွက်ခွာလိုသည်ဟုအသိပေးခဲ့ကြောင်း သိရှိရသည်။
ဒန်နီအင့်စ်(၂၈ နှစ်)သည် ဆောက်သမ်တန် အသင်းတွင် စာချုပ်သက်တမ်းနောက်ဆုံးနှစ်သို့ ရောက်ရှိနေသူဖြစ်ပြီး အသင်းက သူ့ အား စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းရာတွင် ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။
ထို့ပြင် ယခု နွေရာသီ၌ အသင်းမှ ထွက်ခွင့်ရရှိပါက ထွက်ခွာလိုသည်ဟု ဒန်နီအင့်စ်က အသင်းအား အသိပေးခဲ့ကြောင်း The Athletic သတင်း စာက ဖော်ပြခဲ့သည်။
ဆောက်သမ်တန် အသင်း နှင့် စာချုပ်သစ်ချုပ်ဆိုပါက ဒန်နီအင့်စ်သည် ကလပ်အသင်းသမိုင်းတွင် လစာငွေအများဆုံးကစားသမားဖြစ်လာမည်ဖြစ်သော်လည်း ၎င်းကဆောက်သမ်တန်အသင်းထက် ထိပ်တန်းအသင်းကြီးတစ်သင်းသင်းတွင် ကစားရန်သာ ပိုမိုဆန္ဒရှိနေ၍ အသင်း၏ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။















