ဘာပေအား PSG အသင်းတွင် ဆက်နေစေလိုသည်ဟု ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆို

ဘာပေအား PSG အသင်းတွင် ဆက်နေစေလိုသည်ဟု ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆို
Photo: Getty Images
Photo: Getty Images
Published 29 May 2021

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)ဥက္ကဋ္ဌ လီဂရက်စ်က နာမည်ကျော်ပြင်သစ်တိုက်စစ်မှူး ဘာပေကို PSG အသင်းတွင် ဆက်နေစေလိုသည်ဟု ပြောကြားခဲ့သည်။ 

ဘာပေသည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီတွင် PSG အသင်းအတွက် ပြိုင်ပွဲစုံ (၄၇)ပွဲတွင် (၄၂)ဂိုးအထိ သွင်းယူခဲ့ရာ ၎င်း၏ကစားသမားဘဝတစ်လျှောက် ဂိုးသွင်းအများဆုံးရာသီ ဖြစ်ခဲ့သည်။ 

အသက် (၂၂)နှစ်အရွယ်ရှိ ဘာပေသည် ၂၀၂၂ ခုနှစ်တွင် PSG အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုခြင်းမရှိသေးရာ ၎င်း၏အနာဂတ်မှာ လှုပ်ခတ်နေသည်။ 

လီဂရက်စ်က ဘာပေကဲ့သို့ ထိပ်တန်းကစားသမားကို လီဂူးပြိုင်ပွဲတွင်သာ မြင်တွေ့လိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ကျွန်တော်ကတော့ ဘာပေကို ပြင်သစ်မှာ၊ PSG အသင်းမှာပဲ ဆက်နေစေချင်ပါတယ်။ သူက အသက်အရွယ်ငယ်သေးပြီး PSG အသင်းနဲ့အတူ ချန်ပီယံဆုတွေကို စိန်ခေါ်နိုင်ဦးမှာပါ။ ဘာပေလို ထိပ်တန်းကစားသမားမျိုးကို ကျွန်တော်တို့နိုင်ငံမှာပဲ ရှိစေချင်ပါတယ်"ဟု လီဂရက်စ်က ပြောကြားခဲ့သည်။ 

ဘာပေအား ခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများဖြစ်သည့် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် မန်စီးတီးအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရသည်။ 

Most Read

Most Recent