CDM လှှုပ်ရှားမှုနှင့် ပတ်သတ်ပြီး ညောင်ရွှေပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးနှင့် အခြားဆေးရုံများမှ လက်ထောက်ဆရာဝန်များနှင့် အထူးကုဆရာဝန် အပါအဝင် စုစုပေါင်း ဆယ်ဦးအား ပုဒ်မ ၅၀၅-က ဖြင့် ထပ်မံအမှုဖွင့်

CDM လှှုပ်ရှားမှုနှင့် ပတ်သတ်ပြီး ညောင်ရွှေပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးနှင့် အခြားဆေးရုံများမှ လက်ထောက်ဆရာဝန်များနှင့် အထူးကုဆရာဝန် အပါအဝင် စုစုပေါင်း ဆယ်ဦးအား ပုဒ်မ ၅၀၅-က ဖြင့် ထပ်မံအမှုဖွင့်
Photo - dsinfomm blogspot
Photo - dsinfomm blogspot
Published 29 April 2021

CDM လှှုပ်ရှားမှုနှင့် ပတ်သတ်ပြီး ညောင်ရွှေပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးနှင့် အခြားဆေးရုံများမှ လက်ထောက်ဆရာဝန်များနှင့် အထူးကုဆရာဝန် အပါအဝင် စုစုပေါင်း ၁၀ ဦးအား ပုဒ်မ ၅၀၅-က ဖြင့် ထပ်မံ အမှုဖွင့်ထားကြောင်း ဧပြီ ၂၉ ရက် ည ၈ နာရီတွင် နိုင်ငံပိုင်သတင်းဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာကောင်းမြတ်အား CDM လှှုပ်ရှားမှုတွင် ပါဝင်လာစေရန် လှုံဆော်ခြင်း၊ ၄င်းကိုယ်တိုင် ပါဝင်လုပ်ဆောင်ခြင်း၊ လှုပ်ရှားမှုအား ထောက်ခံအားပေးခြင်းတို့အား ပြုလုပ်သည်ဟုဆိုကာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း ဧပြီ ၂၉ ရက် ညပိုင်းက နိုင်ငံပိုင်သတင်းဌာနတွင် သတင်းကြေငြာခဲ့သည်။

အလားတူ ကသာပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် နှစ်ဦး၊ ရွှေဘိုပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန် နှစ်ဦး၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် တစ်ဦး၊ မြဝတီပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် တစ်ဦး၊ ကျုကဒတ် တိုက်နယ်ဆေးရုံမှ လက်ထောက်ဆရာဝန် တစ်ဦး၊ ဘိုကုန်း တိုက်နယ်ဆေးရုံမှ လက်ထောက်ဆရာဝန် တစ်ဦးနှင့် ရွှေကူပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် တစ်ဦးတို့အား ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း သတင်းကြေငြာခဲ့သည်။

အမှုဖွင့်ထားသည့် ဆရာဝန်များအနက် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာ အေးချမ်းမောင်မောင်သည် စေတနာဆေးရုံတွင် လည်းကောင်း၊ ရွှေဘိုပြည်သူ့ဆေးရုံမှ အထူးကု ဒေါက်တာမိုးလွင်နှင့် ဒေါက်တာမြင့်ထွေးတို့မှာ မေခဆေးရုံ အစရှိသည့် ပြင်ပဆေးရုံများတွင် သွားရောက် ကုသလျှက်ရှိသည်ကို စီစစ်တွေ့ရှိခဲ့သည်ဟု သတင်းကြေငြာခဲ့သည်။

အမှုဖွင့်ထားသူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေပြီး တရားဥပဒေနှင့်အညီ ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent