လာလီဂါချန်ပီယံဆုအတွက် ရာသီကုန်အထိ တိုက်ပွဲဝင်သွားမည်ဟု ဇီဒန်း ဆို

လာလီဂါချန်ပီယံဆုအတွက် ရာသီကုန်အထိ တိုက်ပွဲဝင်သွားမည်ဟု ဇီဒန်း ဆို
Photo: Getty Images
Photo: Getty Images
Published 20 April 2021

ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ဂီတာဖေးအသင်းနှင့် သရေကျပြီး အမှတ်လျော့ခဲ့သော်လည်း လာလီဂါချန်ပီယံဆုအတွက် ရာသီကုန်အထိ တိုက်ပွဲဝင်သွားမည်ဟု ပြောကြားခဲ့သည်။ 

တနင်္လာနေ့နံနက်ပိုင်းက ကစားခဲ့သည့်ဂီတာဖေးနှင့် ပွဲစဉ်တွင် ဂိုးမရှိသရေကျခဲ့သဖြင့် ရီးယဲလ်အသင်းသည် အမှတ်ပေးဇယားထိပ်ဆုံးမှ အက်သလက်တီကိုနှင့် (၃)မှတ် ကွာဟသွားခဲ့သည်။ 

ဇီဒန်းက "ကျွန်တော်တို့မှာ ကန့်သတ်ချက်မရှိပါဘူး။ ချန်ပီယံဆုအတွက် ရာသီကုန်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။ စိတ်ပိုင်းဆိုင်ရာအရလည်း အသင်းက ပုံစံကောင်းတစ်ခုမှာ ရှိနေပါတယ်"ဟု ပြောကြားခဲ့သည်။ 

လက်ရှိတွင် ရီးယဲလ်အသင်းသည် အဆင့်(၃)နေရာမှ ဘာစီလိုနာထက် (၂)မှတ်အသာရထားသော်လည်း ဘာစီလိုနာအသင်းက လက်ကျန်ပွဲစဉ်ကို အနိုင်ရခဲ့ပါက ရီးယဲလ်အသင်းအနေဖြင့် အဆင့် (၃)နေရာကို ဆင်းပေးရမည်ဖြစ်သည်။

Most Read

Most Recent