■ ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၂၉)
ဒေါ့မွန် - ၀ါဒါဘရီမင် (တနင်္ဂနွေည ၈းဝ၀ နာရီ)
မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ကစားခဲ့ရလို့ ဒေ့ါမွန်ရဲ့ပွဲပန်းနေမှု အရှိန်က အခုပွဲကို သက်ရောက်မှုရှိနိုင်တယ်။ ဒါပေမဲ့ တစ်ဖက် မှာ ချန်ပီယံလိဂ်ကထွက်ရရင် ပြည်တွင်းပြိုင်ပွဲကို လုံးဝတင်က စားလာမယ့်အနေအထားကို ထည့်တွက်ရမယ်။ ၀ါဒါဘရီမင်က လက်ရှိခြေစွမ်းအရတော့ သိပ်မစွံပါဘူး။ ဒေါ့မွန်ဘက်ကပဲ ရပ် တည်သင့်တယ်။
■ ပြင်သစ်လီဂူးပွဲစဉ် (၃၃)
PSG - စိန့်အက်တီယန် (တနင်္ဂနွေညနေ ၅း၃၀ နာရီ)
PSG က ချန်ပီယံဆုအတွက် အမှားခံလို့မရတဲ့ အခြေအ နေကို ရောက်နေပြီလို့ ဆိုရမယ်။ ပြီးခဲ့တဲ့ပွဲမှာလည်း နေမာ မပါ နိုင်ပေမဲ့ စထရာဘိုးကို ဂိုးပြတ်အနိုင်ကစားခဲ့တယ်။ ဒီပွဲလည်း နေမာ ပါနိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ PSG နဲ့ စိန့်အက်တီ ယန်က အဆင့်ချင်းအတော်ကွာပါတယ်။ ဒါ့အပြင် စိန့်အက်တီ ယန်က ပြီးခဲ့တဲ့ရာသီက ပုံစံနဲ့ ကွာခြားသွားပါပြီ။ အရင်ကလို ထိပ်သီးအသင်းတွေ သတိထားရတဲ့ခြေစွမ်းမျိုး မရှိတော့ဘူး။ ဒါ့အပြင် တန်းဆင်းဇုန်နဲ့ ဝေးကွာနေတဲ့အချက်ကလည်း စိန့် အက်တီယန်အတွက် ဖိအားကင်းစေပါတယ်။ PSG ကတော့ ဒီရာသီမှာမှ ထူးထူးခြားခြား အိမ်ကွင်းရှုံးပွဲများနေတယ်။ မထင် မှတ်တဲ့ ပွဲတွေမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒီပွဲတော့ PSG ခြေချော် လိမ့်မယ်လို့ မထင်တော့ဘူး။ PSG အနိုင်သေချာပြီး ဂိုးပြတ် သွင်းဖို့တောင် ရှိပါတယ်။
ဘရက်စ် - လန်းစ် (တနင်္ဂနွေည ရး၃၀ နာရီ)
လန်းစ်က စုစည်းမှုကောင်းတဲ့အသင်းဖြစ်ပြီး ဒီရာသီမှာ အသင်းတိုင်းအတွက် ခက်ခဲတဲ့ပြိုင်ဘက်လို့ ပြောလို့ရတယ်။ တိုက်စစ်၊ ခံစစ် မျှပြီး ပြိုင်ဘက်တိုင်းကိုလည်း ဒုက္ခပေးနိုင်တယ်။ ဘရက်စ်ကလည်း တန်းဆင်းအန္တရာယ်ရှိသေးတဲ့ အသင်းပါ။ ဒါ ပေမဲ့ ဒီပွဲတော့ လန်းစ်ကိုပဲကြိုက်ပါတယ်။
ဒီယွန်း - နိုက်စ် (တနင်္ဂနွေည ရး၃၀ နာရီ)
ဒီယွန်းက တန်းဆင်းရမယ့်အသင်းဖြစ်ပြီး တစ်ရာသီလုံး စိတ်ပျက်ဖွယ်ခြေစွမ်းကိုပဲ ပြသနေတယ်။ ယုံကြည်ချက်၊ ရည် မှန်းချက် ပျောက်ဆုံးနေတဲ့အသင်းလို့တောင် ပြောလို့ရတယ်။ နိုက်စ်က အလယ်အလတ်အဆင့်ဖြစ်ပြီး နောက်ပိုင်းမှာ ရလဒ် တွေလည်း ကောင်းလာပါတယ်။ နိုက်စ် အနိုင်ရပါလိမ့်မယ်။
နီးစ် - စထရာဘိုး (တနင်္ဂနွေည ရး၃၀ နာရီ)
တန်းဆင်းဇုန်ထဲက အသင်းတွေထဲမှာ နီးစ်ရဲ့ ကစားပုံက အကောင်းဆုံးပဲ။ အမှတ်လည်းရအောင် ကစားတတ်တယ်။ စ ထရာဘိုးကတော့ ပြီးခဲ့တဲ့ပွဲမှာ PSG ကို ဂိုးပြတ်ရှုံးခဲ့ပြီး ဇယား အောက်ပြန်ရောက်သွားတယ်။ ဒါပေမဲ့ သိပ်ပြီးတော့ ညံ့တဲ့အ သင်းတော့ မဟုတ်ဘူး။ သရေကျဖို့များပြီး သွင်းဂိုးတွေများနိုင်တယ်။
Reims - မက်ဇ် (တနင်္ဂနွေည ရး၃၀ နာရီ)
ခြေစွမ်းချင်း သိပ်မကွာပေမဲ့ မက်ဇ်က နောက်ဆုံး (၃)ပွဲ ဆက် ရှုံးပွဲတွေ့ထားတယ်။ ခံစစ်ကစားပုံကလည်း ဖရိုဖရဲဆန် လာပြီး ပေးဂိုးတွေများလာတယ်။ Reims ကလည်း ဘာမျှော် လင့်ချက်မှ မရှိတော့သလို တန်းဆင်းအန္ဘရာယ်လည်းမရှိတော့ ဘူး။ ဂိုးနည်းတဲ့ သရေပွဲလို့ပဲ ထင်မိတယ်။
ဘော်ဒိုး - မိုနာကို (တနင်္ဂနွေည ၉း၃၅ နာရီ)
မိုနာကိုရဲ့ လက်ရှိအနေအထားက ဘော်ဒိုးလိုအသင်းကို မကျော်ဖြတ်နိုင်စရာ အကြောင်းမရှိပါဘူး။ ဘော်ဒိုးရဲ့ တိုက်စစ် က မဆိုးပေမဲ့ အရင်လို မာမာထန်ထန်မရှိတော့ဘူး။ ချန်ပီယံ လိဂ်ဝင်ခွင့်သာမက၊ ချန်ပီယံမျှော်လင့်ချက်ပါရှိတဲ့ မိုနာကို အ နိုင်ကစားသွားပါလိမ့်မယ်။
နန့်စ် - လိုင်ယွန် (တနင်္လာနံနက် ၁း၃၀ နာရီ)
ပထမအကျော့အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ခဲ့ပေမဲ့ ဒီအချိန် မှာတော့ ဖောင်ဖျက်လာမယ့် နန့်စ်ကြောင့် လိုင်ယွန် လွယ်ကူနိုင် မယ်မထင်ဘူး။ ဒါ့အပြင် သရေပွဲတွေများလာတဲ့ လိုင်ယွန်ရဲ့ ရ လဒ်ပိုင်းတွေကိုလည်း သတိထားရမယ်။ သရေကျသွားရင် အံ့ သြစရာမရှိတဲ့ ပွဲမျိုးပါပဲ။















