FA ဖလားဆီမီးဖိုင်နယ်ပွဲစဉ်ပွဲကြိုသုံးသပ်ချက်

FA ဖလားဆီမီးဖိုင်နယ်ပွဲစဉ်ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 17 April 2021

ချယ်လ်ဆီး - မန်စီးတီး (စနေည ၁၁းဝ၀ နာရီ)

FA ဖလား ဆီမီးဖိုင်နယ်အဆင့်မှာ ရေပန်းစားနေတဲ့နှစ်သင်း ထိပ်တိုက်တွေ့နေပြီး၊ နှစ်သင်းစလုံးအတွက် အရေးကြီးတဲ့ ဖလားတစ်လုံးလည်း ဖြစ်နေတယ်။ အမှတ်ပေးဇယားရပ်တည်မှုမှာ မန်စီးတီးက အပြတ်အသတ်သာနေပေမဲ့ လက်ရှိ ရလဒ်ပိုင်းအရတော့ ချယ်လ်ဆီးကလည်း ပုံစံကောင်းပြနေတယ်လို့ ပြောနိုင်တယ်။ အသင်းနှစ်သင်းရဲ့ ဂုဏ်သိက္ခာပိုင်း၊ နည်း ပြနှစ်ဦးရဲ့ ဂုဏ်သိက္ခာပိုင်းအတွက်လည်း အရေးကြီးတဲ့ပွဲဖြစ်သလို၊ ဒီရာသီအတွက် ဖြစ်နိုင်ခြေပြီးရှိတဲ့ ဖလားတစ်လုံးလို့လည်း ပြောရမယ်။ လက်ရှိခြေစွမ်းအရတော့ မန်စီးတီးကို ချယ်လ်ဆီး ယှဉ်မကစားနိုင်တာ သေချာပေမဲ့ တူဟယ်လ်လက်ထက်မှာ ချယ်လ်ဆီးရဲ့ အသင်းကြီးအချင်းချင်းရလဒ်တွေက မဆိုးဘူး၊ ကစားပုံလည်း ကောင်းတယ်။ မန်စီးတီးကိုလည်း ရင်ဆိုင်နိုင်စွမ်း ရှိတယ်။ မန်စီးတီးအတွက် ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာသေချာပြီး မိနစ်(၉၀)အတွင်း သရေကျသွားနိုင်တယ်။ 



 

Most Read

Most Recent