ပရီးမီးယားလိဂ်နှင့် ဘွန်ဒစ်လီဂါ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်နှင့် ဘွန်ဒစ်လီဂါ ပွဲကြိုသုံးသပ်ချက်
Published 9 March 2021

■ ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

မန်စီးတီး - ဆောက်သမ်တန် (မြန်မာစံတော်ချိန် မတ်လ ၁၁ ရက် နံနက် ၀၀:၃၀ နာရီ)

မန်စီးတီးအသင်း ရှုံးပွဲပြန်တွေ့ထားခဲ့ပေမဲ့ အသင်းရဲ့အခြေအနေက ပရီးမီးယားလိဂ်မှာ လုံးဝစိုးရိမ်စရာမရှိတဲ့ အနေအထားပါ။ ဒီပွဲအနိုင်ကစားနိုင်ရင် ဒုတိယနေရာက မန်ယူအသင်းကို တစ်ပွဲပို (၁၄)မှတ်အထိ ပြန်ဖြတ်ထားနိုင်မယ့် အခွင့်အရေးကို လုံးဝလက်လွတ်ခံမယ်မထင်ဘူး။ ဒါပေမဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းပွဲထွက်စာရင်းကို အပြောင်းအလဲ လုပ်လာဖို့ရှိပြီး အဂွဲရိုး၊ ဘာနာဒိုဆေးလ်ဗားနဲ့ ဖိုဒန်တို့လိုကစားသမားတွေ Line-up ပါဝင်လာနိုင်တယ်။ ဆောက်သမ်တန်အသင်းမှာ အဓိကတိုက်စစ်မှူး ဒန်နီအင့်စ် ဒဏ်ရာပြဿနာရှိနေပြီး ချီအဒမ်စ်၊ ရက်ဒ်မွန်းတို့လို အစားထိုးနိုင်တဲ့ကစားသမားတွေ ရှိပေမဲ့ နိုင်ပွဲပြန်ရခါစ အသင်းတစ်သင်းကို စောင့်ကြည့်ရဦးမယ့်အခြေအနေပါပဲ။ နိုင်ပွဲပြန်ရှာရတော့မယ့် မန်စီးတီးကိုပဲ ရွေး ချယ်သင့်တယ်။

 



■ ဘွန်ဒစ်လီဂါ ပွဲကြိုသုံးသပ်ချက် 

အာမိုးနီးယား - ၀ါဒါဘရီမင် (မြန်မာစံတော်ချိန် မတ်လ ၁၀ ရက် ည ၁၂:၀၀ နာရီ)

အိမ်ရှင် အာမီးနီးယားအသင်းက ဘွန်ဒစ်လီဂါမှာ နိုင်ပွဲပျောက်နေတာ အတော်ကြာနေပြီ။ ဒါပေမဲ့ တန်းဆင်းဇုန်အန္တရာယ်စက်ဝန်းထဲ ကျရောက်နေတဲ့ အသင်းရဲ့အခြေအနေကတော့ အခုလိုပွဲမျိုးမှာ တွန်းအားတစ်ခုဖြစ်စေနိုင်တယ်။ ၀ါဒါဘရီမင်ကတော့ အဝေးကွင်းအားနည်းတဲ့အသင်းဖြစ်ပြီး သရေပွဲတွေများနေတာ သတိပြုရမှာပါ။ ဒီပွဲလည်း သရေထပ်ကျဖို့များလို့ အာမီးနီးယားကို ပိုကြိုက်တယ်။

Most Read

Most Recent