ဥပဒေရေးရာကိစ္စများ အကြံဉာဏ် တောင်းခံနိုင်ရန်နှင့် အမှုလိုက်ပါ ဆောင်ရွက်ပေးနိုင်ရန် ဥပဒေ အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ (CRYH) က ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါ ဥပဒေအထောက်အကူပြုအဖွဲ့သည် ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူလူထုအပေါ် မတရားဖမ်းဆီး ချုပ်နှောင်မှုများ၊ အသက်အိုးအိမ်စည်းစိမ် ခြိမ်းခြောက်မှုများနှင့် ပြည်သူများ၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကို ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီကိုယ်စား ထိရောက်စွာ ဆောင်ရွက်ပေးသွားမည်ဟု CRYH ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
သို့ဖြစ်ရာ ပြည်သူလူအနေဖြင့် ဥပဒေရေးရာ ကိစ္စရပ်များ အကြံပြုတောင်းခံလို၍ ဖြစ်စေ၊ အမှုလိုက်ပါ ဆောင်ရွက်ပေးလို၍ ဖြစ်စေ ၀၉ ၄၅၀၀၀၀၇၆၀ ၊ ၀၉ ၉၅၄၁၅၆၄၃၅၊ ၀၉၇၉၂၀၁၆၉၉၈ ၊ ၀၉ ၄၃၁၃၃ ၀၁၇ ၊ ၀၉ ၂၅၇၄၁၁၁၀၀ ၊ ၀၉ ၄၃၀၆၄၅၆၃ ၊ ၀၉ ၉၅၉၉ ၀၆၉၁၀ ၊ ၀၉ ၇၉၅၆၆၄၃၀၁ ၊ ၀၉ ၇၉၉၆၄၈ viber မှတစ်ဆင့် ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း CRYH က အသိပေး ထုတ်ပြန်သည်။
ရန်ကုန်တိုင်းအတွင်းရှိ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များ စုစည်း၍ ဖေဖော်ဝါရီ ၆ ရက်တွင် အွန်လိုင်းအစည်းအဝေးဖြင့် ကတိသစ္စာပြုကာ လွှတ်တော်အစည်းအဝေး ခေါ်ယူခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦး ပါဝင်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) ကို ဖေဖော်ဝါရီ ၈ ရက်တွင် ဖွဲ့စည်းခဲ့သည်။















