လော်ရီယန့် - Reims (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၆ ရက် ည ၁၀:၃၀ နာရီ)
အိမ်ကွင်းနောက်ဆုံး(၅)ပွဲမှာ လော်ရီယန့်က (၃)ပွဲနိုင်ပြီး (၁၁)ဂိုးတောင် သွင်းခဲ့တယ်။ Reims က ခြေစွမ်းငြိမ်ပေမဲ့ လော်ရီယန့်က တန်းဆင်းရုန်းအားနဲ့ အနိမ့်ဆုံးသရေယူလိမ့်မယ်။
လိုင်ယွန် - စထရာဘိုး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၇ ရက် နံနက် ၀၀:၃၀ နာရီ)
လိုင်ယွန်အတွက် အရေးကြီးချိန်ဖြစ်ပြီး အတိမ်းအစောင်းမခံပါဘူး။ စထရာဘိုးက ခြေရူးဖြစ်ပြီး ခန့်မှန်းရခက်တယ်။ အိမ်ကွင်းမှာတော့ လိုင်ယွန် အမှားမခံဘဲ အမှတ်ပြည့်ယူမယ်။
လန်းစ် - ရန်းစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၇ ရက် နံနက် ၂:၃၀ နာရီ)
လန်းစ်က PSG၊ မိုနာကို၊ မာဆေးလ်တို့ကို အနိုင်ယူဖူးပြီး ပ-ကျော့မှာလည်း ရန်းစ်ကို နိုင်ခဲ့ပါတယ်။ ဒီပွဲလည်း ဒုက္ခပေးဖို့ ကြိုးစားမှာဖြစ်လို့ ရန်းစ် ခက်ခဲပါလိမ့်မယ်။