မြန်မာကစားသမားများ ပါဝင်ကစားနေသည့် ၂၀၂၀-၂၀၂၁ ရာသီ ထိုင်းလိဂ်ပြိုင်ပွဲ ကို ဖေဖော်ဝါရီ ၆ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲပြန်လည်မစတင်မီ အသင်းအားလုံး COVID-19 ေ ရောဂါပိုးရှိမရှိ စစ်ဆေး နေရကြောင်း သိရသည်။
ထိုင်းလိဂ်-၁ ပြိုင်ပွဲကို COVID-19 ေ ရောဂါအခြေအနေကြောင့် ဒီဇင်ဘာ ၂၇ ရက်ပွဲစဉ်များအပြီးတွင် ရပ်နားထားခြင်းဖြစ်ပြီး ဖေဖော်ဝါရီပထမပတ်တွင် ပြန်လည်ကျင်းပခြင်းဖြစ်သည်။ ၂၀၂၀-၂၀၂၁ ရာသီ ထိုင်း လိဂ်-၁ ပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်အခြေအနေ ကြောင့် နှစ်ကြိမ်တိုင် ရပ်နားခဲ့ရပြီး ဧပြီမှ စက်တင်ဘာအထိ ပထမအကြိမ်၊ ဒီဇင်ဘာ လကုန်မှ ဖေဖော်ဝါရီလဆန်းအထိ ဒုတိယ အကြိမ် ရပ်နားခဲ့ခြင်းဖြစ်သည်။
ထိုင်းဘောလုံးအဖွဲ့ချုပ်သည် ပြည်တွင်းလိဂ်ပြိုင်ပွဲများ ပြန်လည်မစတင်မီ COVID-19 ေ ရောဂါကင်းစင် စေရန်အတွက် အသင်းအားလုံးမှ အုပ်ချုပ်/နည်းပြအဖွဲ့ဝင်များ၊ ကစားသမားများအားလုံးနှင့် ဝန်ထမ်းများကို ရောဂါပိုးရှိမရှိ စစ် ဆေးခဲ့ခြင်းဖြစ်သည်။ အောင်သူ သွားရောက် ကစားနေသည့် ဘူရီရမ်အသင်းသည် ဇန်နဝါရီ ၃၁ ရက်က စစ်ဆေးခဲ့ပြီး ဇော်မင်းထွန်း ပါဝင်ကစားနေသည့် ဆူခိုထိုင်းအသင်းမှာမူ ဖေဖော်ဝါရီ ၃ ရက်တွင် စစ်ဆေးမည်ဖြစ်သည်။
"ထိုင်းလိဂ်-၁ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၆ ရက်မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။ ပြိုင်ပွဲမတိုင်ခင် COVID-19 ေ ရောဂါပိုးရှိမရှိ စစ်ဆေးရ ပြီး အသင်းအားလုံး စစ်ဆေးရတာပါ။ ကျွန် တော်တို့အသင်းက မနက်ဖြန် (ဖေဖော်ဝါရီ ၃ ရက်) မှာ စစ်ဆေးမှာဖြစ်ပါတယ်။ ကျွန်တော်လည်း အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရအောင် ကြိုးစားနေပြီး နောက်ပိုင်းပွဲတွေမှာ ပုံမှန်ကစား ခွင့်ရနေပါတယ်"ဟု ဇော်မင်းထွန်းက Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။
ဇော်မင်းထွန်းသည် ၂၀၂၀ ခုနှစ်တွင် ဆူခိုထိုင်းအသင်းသို့ ပြောင်းရွှေ့ကစားနေ ခြင်းဖြစ်ပြီး ယခုရာသီတွင် ၁၂ ပွဲကစားထား ပြီးဖြစ်သည်။ ဇော်မင်းထွန်းသည် ၂၀၁၉ ရာသီတွင် ထိုင်းလိဂ်သို့ စတင်ပြောင်းရွှေ့ခဲ့ ပြီး ၂၀၁၉ ခုနှစ်တွင် ချောင်ဘူရီအသင်းတွင် စတင်ကစားခဲ့ကာ ရာသီကုန်တွင် ဆူခိုထိုင်း အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။ ရာသီဝက်အပြောင်းအရွှေ့ကာလအပြီးတွင် ထိုင်း လိဂ်-၁ ၌ မြန်မာကစားသမားအချို့ ပါဝင် ကစားလျက်ရှိပြီး ဘူရီရမ်အသင်းတွင် အောင်သူ၊ ဆူခိုထိုင်းအသင်းတွင် ဇော်မင်းထွန်းတို့ ပါဝင်ကစားလျက်ရှိပြီး လှိုင်းဘိုဘိုမှာ ဆူခိုထိုင်းအသင်းတွင် ရာသီဝက်အငှားစာချုပ်ဖြင့် ကစားရန် သဘောတူညီထားသော်လည်း ဖေဖော်ဝါရီ ၂ ရက်အထိ ပူးပေါင်းနိုင်ခြင်းမရှိ သေးကြောင်း နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ထိုင်းလိဂ်-၁ ပြိုင်ပွဲ ပြန်လည်စတင်မည့် အချိန်တွင် အောင်သူ ပါဝင်ကစားနေသည့် ဘူရီရမ်အသင်းသည် ရတ်ချာဘူရီအသင်းနှင့် အိမ်ကွင်း၊ ဇော်မင်းထွန်း ပါဝင်ကစားနေသည့် ဆူခိုထိုင်းအသင်းသည် Port အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။















