၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းစစ်ဆေးမှုရလဒ်များအရ မြို့နယ် ခြောက်မြို့နယ်ကို စစ်ဆေးခဲ့ရာ မဲစာရင်း မသမာမှုဖြစ်နိုင်ခြေရှိသည့် ဖြစ်စဉ် ၉၄၂၄၂ တွေ့ရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းစစ်ဆေးမှုရလဒ်များမှ ပထမအကြိမ် စိစစ်ပြီးစီးသည့် မြို့နယ်ခြောက်မြို့နယ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်၊ မင်းကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ မြို့နယ်ခြောက်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် မဲဆန္ဒရှင်ဦးရေ ၅၀၈၂၉၈ ဖြစ်ပြီး ပုံစံ-၁ အရ စစ်ဆေးသည့် မဲဆန္ဒရှင်ဦးရေ ၄၁၁၂၁၉ ဦး ဖြစ်ပြီး ချောင်းဦးမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် မဲဆန္ဒရှင်ဦးရေ ၈၉၂၂၅ ဦး ပုံစံ-၁ အရစစ်ဆေးသည့် မဲဆန္ဒရှင်ဦးရေ ၈၆၉၇၆ ဦး၊ နိုင်ငံသားကတ်တစ်ခုတည်းဖြင့် နှစ်ကြိမ်နှင့်အထက် ပါဝင်နေသူဦးရေ ၉၉၁၆ ဦး၊ နိုင်ငံသားကတ်မပါဘဲ မဲစာရင်းတွင် ပါဝင်နေသူဦးရေ ၈၄၉၂ ဦး၊ မူမမှန် (သို့) မှားယွင်းနေသည့် နိုင်ငံသားကတ်များဖြင့် မဲစာရင်းတွင် ပါဝင်နေသူဦးရေ ၈၀၂ ဦး၊ အသက်(၁၈) နှစ်မပြည့်ဘဲ မဲစာရင်းတွင် ပါဝင်နေသူဦးရေ တစ်ဦး၊ မဲစာရင်းတွင် ပါဝင်နေသော အသက် (၁၀၀) နှစ်နှင့်အထက် အရွယ်ရှိသူဦးရေ ၆၀ ဦး စုစုပေါင်း ၁၉၂၇၁ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အတူ မင်းကင်းမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် မဲဆန္ဒရှင်ဦးရေ ၈၈၁၂၀ ဦး ပုံစံ-၁ အရ စစ်ဆေးသည့် မဲဆန္ဒရှင်ဦးရေ ၈၇၃၅၉ ဦး၊ မဲစာရင်းတွင် နိုင်ငံသားကတ်တစ်ခုတည်းဖြင့် နှစ်ကြိမ်နှင့်အထက် ပါဝင်နေသူ ဦးရေ ၇၉၅၇ ဦး၊ နိုင်ငံသားကတ်မပါဘဲ မဲစာရင်းတွင် ပါဝင်နေသူဦးရေ ၆၃၇၈ ဦး၊ မူမမှန် (သို့) မှားယွင်းနေသည့် နိုင်ငံသားကတ်များဖြင့် မဲစာရင်းတွင် ပါဝင်နေသူဦးရေ ၆၈၅ ဦး၊ အသက် (၁၈) နှစ်မပြည့်ဘဲ မဲစာရင်းတွင် ပါဝင်နေသူဦးရေ ၁၉ ဦး၊ မဲစာရင်းတွင်ပါဝင်နေသော အသက် (၁၀၀) နှစ်နှင့်အထက် အရွယ်ရှိသူ ဦးရေ ၂၈ ဦး စုစုပေါင်း ၁၅၀၆၇ ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် မဲဆန္ဒရှင် ဦးရေ ၂၆၀၅၅ ဦး ပုံစံ-၁ အရ စစ်ဆေးသည့် မဲဆန္ဒရှင်ဦးရေ ၂၅၇၃၅ ဦး၊ မဲစာရင်းတွင် နိုင်ငံသားကတ်တစ်ခုတည်းဖြင့် နှစ်ကြိမ်နှင့် အထက် ပါဝင်နေသူဦးရေ ၄၃၅ ဦး၊ နိုင်ငံသားကတ်မပါဘဲ မဲစာရင်းတွင်ပါဝင်နေသူဦး ရေ ၃၆၄၉ ဦး၊ မူမမှန် (သို့) မှားယွင်းနေသည့် နိုင်ငံသားကတ်များဖြင့် မဲစာရင်းတွင် ပါဝင်နေသူဦးရေ ၂၅၁ ဦး၊ မဲစာရင်းတွင် ပါဝင်နေသောအသက် (၁၀၀) နှစ်နှင့်အထက် အရွယ်ရှိသူ ဦးရေ တစ်ဦး စုစုပေါင်း ၄၃၃၆ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် ဝေါမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် မဲဆန္ဒရှင်ဦးရေ ၁၅၁၀၅၀ ဦး ပုံစံ-၁ အရ စစ်ဆေးသည့် မဲဆန္ဒရှင်ဦးရေ ၁၁၉၇၄၁ ဦး၊ မဲစာရင်းတွင် နိုင်ငံသားကတ်တစ်ခုတည်းဖြင့် နှစ်ကြိမ်နှင့် အထက်ပါဝင်နေသူဦးရေ ၁၁၅၆၂ ဦး၊ နိုင်ငံသားကတ်မပါဘဲ မဲစာရင်းတွင် ပါဝင်နေသူဦးရေ ၂၁၆၈၀ ဦး၊ မူမမှန် (သို့) မှားယွင်းနေသည့် နိုင်ငံသားကတ်များဖြင့် မဲစာရင်းတွင် ပါဝင်နေသူဦးရေ ၁၁၇၂၄ ဦး၊ အသက် (၁၈) နှစ်မပြည့်ဘဲ မဲစာရင်းတွင်ပါဝင်နေသူဦးရေ ၂၂ ဦး၊ မဲစာရင်းတွင်ပါဝင်နေသော အသက် (၁၀၀) နှစ်နှင့်အထက် အရွယ်ရှိသူဦးရေ ၃၀ ဦး စုစုပေါင်း ၄၅၀၁၈ ဦးဖြစ် ပြည်ခိုင်ဖြိုးပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ယင်းအပြင် ဒက္ခိဏသီရိမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် မဲဆန္ဒရှင်ဦးရေ ၃၁၆၅၇ ဦး၊ ပုံစံ-၁ အရ စစ်ဆေးသည့် မဲဆန္ဒရှင်ဦးရေ ၂၇၇၈၄ ဦး၊ မဲစာရင်းတွင် နိုင်ငံသားကတ်တစ်ခုတည်းဖြင့် နှစ်ကြိမ်နှင့်အထက် ပါဝင်နေသူဦးရေ ၇၅၁ ဦး၊ နိုင်ငံသားကတ်မပါဘဲ မဲစာရင်းတွင် ပါဝင်နေသူဦးရေ ၂၈၇၆ ဦး၊ မူမမှန် (သို့) မှားယွင်းနေသည့် နိုင်ငံသားကတ်များဖြင့် မဲစာရင်းတွင် ပါဝင်နေသူဦးရေ ၇၆၅ ဦး၊ အသက် (၁၈) နှစ်မပြည့်ဘဲ မဲစာရင်းတွင် ပါဝင်နေသူ သုံးဦး၊ မဲစာရင်းတွင်ပါဝင်နေသော အသက် (၁၀၀) နှစ်နှင့်အထက် အရွယ်ရှိသူ ဦးရေ ၁၃ ဦး စုစုပေါင်း ၄၄၀၈ ဖြစ်ကြောင်း ထုတ်ပြန်သည်။
မလှိုင်မြို့နယ်တွင်ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် မဲဆန္ဒရှင်ဦးရေ ၁၂၂၁၉၁ ဦး၊ ပုံစံ-၁ အရ စစ်ဆေးသည့် မဲဆန္ဒရှင် ဦးရေ ၆၃၆၂၄ ဦး၊ မဲစာရင်းတွင် နိုင်ငံသားကတ်တစ်ခုတည်းဖြင့် နှစ်ကြိမ်နှင့်အထက် ပါဝင်နေသူဦးရေ ၅၄၈၇ ဦး၊ နိုင်ငံသား ကတ်မပါဘဲ မဲစာရင်းတွင်ပါဝင်နေသူဦးရေ ၄၉ ဦး၊ မူမမှန် (သို့) မှားယွင်းနေသည့် နိုင်ငံသားကတ်များဖြင့် မဲစာရင်းတွင်ပါဝင်နေသူ ဦးရေ ၅၆၁ ဦး၊ အသက် (၁၈) နှစ်မပြည့်ဘဲ မဲစာရင်းတွင် ပါဝင်နေသူဦးရေ ၂၄ ဦး၊ မဲစာရင်းတွင် ပါဝင်နေသော အသက် (၁၀၀) နှစ်နှင့်အထက် အရွယ်ရှိသူ ဦးရေ ၂၁ ဦး စုစုပေါင်း ၆၁၄၂ တို့ ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်ခိုင်ဖြိုးပါတီကဲ့သို့ပင် တပ်မတော်သားများ မဲပေခဲ့သည့်မြို့နယ် ၂၀၀ ကျော်နှင့် မဲပေးခဲ့ခြင်းမရှိသည့် မြို့နယ် ၃၀ တို့တွင် မဲစာရင်းစိစစ်တွေ့ရှိချက်များကို တပ်မတော်က မြို့နယ်များခွဲ၍ ထုတ်ပြန်လျက်ရှိရာ ဇန်နဝါရီ ၁၅ ရက်အထိ ၁၉ ကြိမ်ရှိပြီဖြစ်သည်။















