တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါ ရီ ၅ ရက်တွင် စတင်ကျင်းပရန် လျာထားပြီး နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ဖွဲ့စည်းခြင်းနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေးခြင်းစသည့်လုပ်ငန်းစဉ် များဆောင်ရွက်မည်ဟု ဒုတိယအကြိမ် ပြည် ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က ပြောကြားသည်။
တတိယအကြိမ် ပြည်ထောင်စုအဆင့် လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)ကို ဇန်နဝါရီ ၁၁ ရက်တွင် နေ ပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင်အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က တတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၁၂၃၊ ပုဒ်မ ၁၂၄၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မ ၁၅၅ ပါ ပြဋ္ဌာန်းချက် များနှင့်အညီ ဒုတိယအကြိမ်လွှတ်တော်သက် တမ်း တာဝန်ဆက်လက်ထမ်းဆောင်လျက်ရှိ သည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌတို့က ခေါ်ယူကျင်းပပေးရ မည်ဖြစ်ကြောင်း၊ တတိယအကြိမ် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ ပထမပုံမှန်အစည်းအဝေးများကို ၂၀၂၁ ခု နှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပရန်ဖိတ် ကြားထားပြီး ဇန်နဝါရီ ၂၃ ရက်ထက်မစော ၂၄ ရက်ထက် နောက်မကျစေဘဲ နေပြည် တော်သို့ ရောက်ရှိသတင်းပို့ရန် လွှတ်တော် ကိုယ်စားလှယ်များကို ခေါ်ယူထားကြောင်း ပြောကြားသည်။
တတိယအကြိမ် ပြည်ထောင်စုလွှတ် တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်၌ စတင်ကျင်း ပရန်လျာထားကြောင်း၊ တတိယအကြိမ်လွှတ် တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေး များ၌ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ ရွေးချယ်တင် မြှောက်ခြင်း၊ လွှတ်တော်ရေးရာကော်မတီများ ဖွဲ့စည်းခြင်း၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်ခြင်း၊ ပြည် ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ပြည် ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ ခန့်အပ် တာဝန်ပေးခြင်းတို့နှင့်စပ်လျဉ်းပြီး အတည် ပြုခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်မည်ဖြစ် ကြောင်း ဦးတီခွန်မြတ်က ပြောကြားသည်။
အဆိုပါလုပ်ငန်းများသည် နိုင်ငံတော် နှင့် နိုင်ငံသား ပြည်သူအားလုံးအတွက် အလွန်အရေးကြီးသောကိစ္စရပ်များဖြစ်ပါ၍ လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်း ကော်မတီများအနေဖြင့် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း၊ ကော်မတီများအ လိုက်အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းအခြေအနေနှင့် လိုအပ်ချက်များကို အကြံပြုဆွေးနွေးပေးစေလိုကြောင်း ဦးတီခွန်မြတ်က ပြောကြားသည်။
ဆက်လက်၍ ဗဟိုကော်မတီနာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က ယခင်ဒုတိယအကြိမ်လွှတ်တော် အတွေ့အကြုံများအပေါ်မူတည်၍ ပိုမိုသင့်လျော် ကောင်းမွန်သည့်လုပ်ငန်းအစီအမံများဖြင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ တတိယအကြိမ်လွှတ် တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေး များ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည် ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်က တတိယအကြိမ် လွှတ်တော် ပထမပုံမှန်အစည်းအဝေးများကျင်းပ ချိန်တွင် COVID-19 ရောဂါ ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် အကြံပြုဆွေးနွေးပေးစေ လိုကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ ပြန်ကြားရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်၊ ကျန်းမာရေးနှင့် အားကစား၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန် ကြီးဌာနမှ ဒုတိယဝန်ကြီး၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီ အတွင်းရေးမှူးများနှင့် လွှတ်တော်အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။