တပ်မတော်သားများ ဆန္ဒမဲပေးခဲ့သော မြို့နယ်များအနက် မြို့နယ် ၁၁ မြို့နယ်တွင် မဲမသမာမှုဖြစ်စေနိုင်သည့် မဲစာရင်း ၃၈၅၀၀၀ မဲတွေ့ရှိခဲ့ကြောင်း တပ်မတော်က ဇန်နဝါရီ ၁၁ ရက် ညပိုင်းတွင် ၁၅ ကြိမ်မြောက် ထုတ်ပြန်ကြေညာသည်။
တပ်မတော်၏ထုတ်ပြန်ချက်တွင် တပ်မတော်သားများ ဆန္ဒမဲပေးခဲ့သော်မြို့နယ်များနှင့်စပ်လျဉ်း၍ မဲစာရင်းစိစစ်မှုများကို ပြုလုပ်ခဲ့ရာတွင် စိစစ်ပြီးသည့် မြို့နယ်များ၏ စိစစ်တွေ့ရှိချက်အား ၁၄ ကြိမ် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ စိစစ်တွေ့ရှိချက်များသည် သာမာန်အားဖြင့် မသိနိုင်သည့် ထပ်နေသော မဲစာရင်းများနှင့် အထောက်အထားဖြင့်တိုက်ဆိုင်စိစစ်ရန် လိုအပ်သောမဲစာရင်းများဖြစ်ကြောင်း ရရှိသည့် မဲစာရင်းများကိုအခြေခံ၍ စိစစ်တွေ့ရှိချက်များကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
ထပ်မံစိစစ်ပြီးသည့် ၁၁ မြို့နယ်၏တွေ့ရှိချက်များတွင် ဟိုပုံး၊ ပင်လောင်း၊ လောက်ကိုင်၊ ပုသိမ်၊ မော်လမြိုင်၊ ကိုကိုးကျွန်း၊ ကော့မှူး ၊ လှိုင်သာယာ (အရှေ့)၊ နောင်ချို၊ ပခုက္ကူ ၊ အုတ်တွင်းစသည့် မြို့နယ်များဖြစ်ပြီး ဟိုပုံးမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၈၄၅၁ မဲ၊ မဲမသမာမှုဖြစ်နိုင်သည့်အခြားမဲစာရင်း ၁၂၃၈၅ မဲ စုစုပေါင်း ၂၀၈၃၆ မဲ၊ ပင်လောင်းမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၁၇၁၆၄ မဲ၊ မဲမသမာမှုဖြစ်နိုင်သည့်အခြားမဲစာရင်း ၁၂၈၅၈ မဲ စုစုပေါင်း ၃၀၀၂၂ မဲ ၊ လောက်ကိုင်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၂၃၅၈ မဲ၊ မဲမသမာမှုဖြစ်နိုင်သည့်အခြားမဲစာရင်း ၁၆၂၆၅ မဲ၊ စုစုပေါင်း ၁၈၆၂၃ မဲ၊ ပုသိမ်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၃၅၂၃၄ မဲ၊ မဲမသမာမှုဖြစ်နိုင်သည့်အခြားမဲစာရင်း ၃၁၂၈၀ ၊ စုစုပေါင်း ၆၆၅၁၄ မဲ၊ မော်လမြိုင်မြို့နယ်တွင် မသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၁၆၇၇၆ မဲ၊ မဲမသမာမှုဖြစ်နိုင်သည့်အခြားမဲစာရင်း ၃၅၃၀၄ မဲ ၊ စုစုပေါင်း ၅၂၀၈၀ မဲ တို့ဖြစ်ကြောင်း သိရသည်။
ထို့အတူ ကိုကိုးကျွန်းမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း မရှိ၊ မဲမသမာမှု ဖြစ်နိုင်သည့်အခြားမဲစာရင်း ၃၈ မဲ၊ စုစုပေါင်း ၃၈ မဲ၊ ကော့မှူးမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၅၂၄၅ မဲ၊ မဲမသမာမှုဖြစ်နိုင်သည့်အခြားမဲစာရင်း ၁၀၅၃၉ မဲ၊ စုစုပေါင်း ၁၅၇၈၄ မဲ၊ လှိုင်သာယာ (အရှေ့) မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၁၄၃၆၈ မဲ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၇၂၄၂၈ မဲ၊ စုစုပေါင်း ၈၆၇၉၆ မဲ၊ နောင်ချိုမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၁၁၀၁၄ မဲ၊ မဲမသမာမှုဖြစ်နိုင်သည့်အခြားမဲစာရင်း ၁၁၀၁၃ မဲ၊ စုစုပေါင်း ၂၂၀၂၇ မဲ၊ ပခုက္ကူ မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၁၄၅၃၃ မဲ၊ မဲမသမာမှုဖြစ်နိုင်သည့်အခြားမဲစာရင်း ၉၇၉၆ မဲ၊ စုစုပေါင်း ၂၄၃၂၉ မဲ တို့ဖြစ်ကြောင်း သိရသည်။
အုတ်တွင်း မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၂၆၃၆၄ မဲ ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၂၁၅၈၇ မဲ၊ စုစုပေါင်း ၄၇၉၅၁ မဲ တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၁၁ မြို့နယ်၏ စိစစ်တွေ့ရှိချက်အသေးစိတ်အား စာရင်းဇယားများဖြင့် ၎တို့၏ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ Facebook Page တွင် အသေးစိတ်ထုတ်ပြန်ထားသည်။