ကိုဗစ်ကာလအတွင်း စက်ရုံရာနှင့်ချီ ပိတ်သိမ်းရခြင်းနှင့် CMP အထည်ချုပ်လုပ်ငန်းများ၏ အနာဂတ်

ကိုဗစ်ကာလအတွင်း စက်ရုံရာနှင့်ချီ ပိတ်သိမ်းရခြင်းနှင့် CMP အထည်ချုပ်လုပ်ငန်းများ၏ အနာဂတ်
ပဲခူးစက်မှုဇုန်ရှိ စက်မှုဇုန်လုပ်သားများကို တွေ့ရစဉ်
ပဲခူးစက်မှုဇုန်ရှိ စက်မှုဇုန်လုပ်သားများကို တွေ့ရစဉ်
Published 28 December 2020
နီလာ

အထည်ချုပ်စက်ရုံ အများစုသည် ပို့ကုန်အားထားသည့် စက်ရုံများဖြစ်ကြပြီး ညှပ်-ချုပ်-ထုပ် (CMP) စနစ်ဖြင့် လုပ်ကိုင်နေကြသည်။ အမှာစာများအတွက် ကုန်ကြမ်းများကို နိုင်ငံခြားက တင်သွင်း၍ ချုပ်လုပ်လျက်ရှိသည်။ တရုတ်နိုင်ငံ၌ စတင်ဖြစ်ပွားခဲ့သည့် COVID-19 ဂယက်ကြောင့် တရုတ်နိုင်ငံမှ ကုန်ကြမ်းအဓိက တင်သွင်းနေရသည့် ပြည်တွင်းအထည်ချုပ် လုပ်ငန်းများ ၂၀၂၀ ပြည့်နှစ် မတ်လဆန်းအထိသာ ကုန်ကြမ်းရှိပြီး ဧပြီလကုန်အထိ ကုန်ကြမ်းမတင်သွင်းနိုင်ပါက လုပ်ငန်းများ ယာယီရပ်ဆိုင်းနိုင်သည့် အခြေအနေ ဖြစ်ပေါ်ခဲ့သည်။ သို့သော် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်မှုများကြောင့် ကုန်ကြမ်းတင်သွင်းနိုင်ခဲ့ကာ အထည်ချုပ်လုပ်ငန်းများ ဆက်လက် လည်ပတ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုးတွေ့သူကို မတ် ၂၃ ရက်တွင် တရားဝင် ကြေညာခဲ့ပြီးနောက် ပြည်တွင်း၌ ပိုးတွေ့လူနာ ပိုမိုများပြားလာခဲ့သည်။

 

Most Read

Most Recent