စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ငါးနှစ်အတွင်း လွှတ်တော်အစည်းအဝေး တက်ရောက်ရန် ပျက်ကွက်ခဲ့သည့် ရက်ပေါင်း ၁၇၆ ရက်အထိရှိ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ငါးနှစ်အတွင်း လွှတ်တော်အစည်းအဝေး တက်ရောက်ရန် ပျက်ကွက်ခဲ့သည့် ရက်ပေါင်း ၁၇၆ ရက်အထိရှိ
Published 22 December 2020
ကောင်းခန့်လင်း (မုံရွာ)

၂၀၁၅ ခုနစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ငါးနှစ်တာကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ပျက်ကွက်ခဲ့သည့် ရက်ပေါင်း ၁၇၆ ရက်အထိ ရှိခဲ့ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကျင်းပခဲ့သည့် အကြိမ်ရေမှာ ၂၄ ကြိမ်အထိ ရှိခဲ့ကြောင်း လွှတ်တော်ကျင်းပခဲ့သည့် ရက်ပေါင်း၂၃၅ ရက်သာရှိခဲ့ပြီး ယင်းအနက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ၅၉ ရက်တည်းသာ လွှတ်တော်အစည်းအဝေးကို တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့အတူ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးကေဆိုင်းသည် လွှတ်တော်အစည်းအဝေး ပျက်ကွက်ခဲ့သည့် ရက်ပေါင်း ၁၄၁ ရက်အထိရှိခဲ့ပြီး ၎င်းသည် လွှတ်တော်အစည်းအဝေး တက်ရောက်ခဲ့သည့် ရက်ပေါင်း ၉၄ ရက်သာရှိခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းသည် လွှတ်တော်အစည်းအဝေး ပျက်ကွက်ခဲ့သည့် ရက်ပေါင်း ၆၉ ရက်ရှိခဲ့ပြီး ၎င်းသည် ၁၆၆ ရက်တည်းသာ လွှတ်တော်တက်ရောက်ခဲ့ကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးသည် လွှတ်တော်အစည်းအဝေး ပျက်ကွက်ခဲ့သည့်ရက်ပေါင်း ၁၁၉ ရက်ရှိခဲ့ပြီး လွှတ်တော်အစည်းအဝေး တက်ရောက်ခဲ့သည့်ရက်ပေါင်း ၁၁၆ ရက်သာရှိခဲ့သည်။

ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်မွှေးမွှေးခင်သည် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး ပျက်ကွက်ခဲ့သည့် ရက်ပေါင်း ၆၉ ရက်ရှိခဲ့ကြောင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းသည် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ပျက်ကွက်ခဲ့သည့်ရက်ပေါင်း ၆၀ အထိရှိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းသည် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ပျက်ကွက်ခဲ့သည့်ရက်ပေါင်း ၅၉ ရက် အထိရှိခဲ့ပြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်သည် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ပျက်ကွက်ခဲ့သည့် ရက်ပေါင်း ၅၁ ရက်အထိရှိခဲ့သည်။

အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံသည် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ပျက်ကွက်ခဲ့သည့်ရက်ပေါင်း ၄၉ ရက်အထိ ရှိခဲ့ကြောင်း လူမှုဝင်ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူသည် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ပျက်ကွက်ခဲ့သည့်ရက်ပေါင်း ၃၄ ရက်အထိ ရှိခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းသည် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ပျက်ကွက်ခဲ့သည့် ရက်ပေါင်း ၁၁ ရက်အထိ ရှိခဲ့ကြောင်း၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်သည် အစည်းအဝေး ပျက်ကွက်ခဲ့သည့် ရက်ပေါင်း ၁၄ ရက်အထိ ရှိခဲ့သည်။

 

Most Read

Most Recent