ကျွန်းစုမြို့နယ် ဝဲကျွန်းအနီးတွင် ၂၆ ပေရှည်သည့် ဝေလငါးမန်းတစ်ကောင် သေဆုံးလျက်တွေ့ရှိ

ကျွန်းစုမြို့နယ် ဝဲကျွန်းအနီးတွင် ၂၆ ပေရှည်သည့် ဝေလငါးမန်းတစ်ကောင် သေဆုံးလျက်တွေ့ရှိ
Published 18 December 2020
ဇော်မိုးဦး ( မြိတ် )

ကျွန်းစုမြို့နယ်၊ဝဲကျွန်းအနီးတွင် ၂၆ ပေရှည်သည့် ဝေလငါးမန်းအမျိုးအစား ငါးအမတစ်ကောင်အားသေဆုံးလျက်တွေ့ရှိရသည့်အတွက် တာဝန်ရှိသူများက ကွင်းဆင်းကာ စစ်ဆေးအတည်ပြုချက်များ လုပ်ဆောင်ထားကြောင်းသိရသည်။

 မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊ဝဲကျွန်းအနီးရှိ ပဲ့ဂလက်ရေလုပ်ငန်းစခန်း ရေပြင်တွင် Whale Shark ( ဝေလငါးမန်း )အမျိုးအစားငါးကြီးတစ်ကောင်မှာသေဆုံးလျက်အနေထားတွေ့ရသည့်အတွက် ဒေသခံများကငါးလုပ်ငန်းဦးစီးဌာနသို့သတင်းပေးပို့ခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများကဒီဇင်ဘာ ၁၇ ရက်နေ့တွင် ကွင်းဆင်းသွားရောက်စစ်ဆေးခဲ့ရာ ဒဏ်ရာများဖြင့်သေဆုံးနေသည့် ဝေလငါးမန်းအ မျိုးအစားငါးအမဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး မြိတ်တက္ကသိုလ်အဏ္ဏဝါသိပ္ပံဌာနသို့အတည်ပြု ချက်ရရှိရန်မှတ်တမ်းများ ပေးပို့ထားကြောင်းသိရသည်။

’’ဝဲကျွန်းရွာအနီးက ပဲ့ဂလက်အလုပ်စခန်းဆိုတာရှိတယ်။ အဲဒီမှာဒီဇင်ဘာ ၁၆ ရက်နေ့ညနေပိုင်းမှာတွေ့ခဲ့တာဖြစ်တယ်ဒေသခံတွေသတင်းပေးပို့ချက်အရကျွန်တော်တို့ ၁၇ ရက်နေ့မှာက ွင်းဆင်းပြီးသွားရောက်စစ်ဆေးခဲ့တယ်၊ အတိုင်းအတာတွေကိုတိုင်းကြည့်လိုက်တော့အရှည်က ၂၆ ပေရှိတယ်၊လုံးပတ် က ၁၂ ပေရှိတယ်၊သူကအမ ဖြစ်တယ် ဝေလငါးမန်းအမျိုးအစားထဲက ခန့်မှန်းရတယ်၊ပုံနည်းနည်းပျက်နေပြီ Whale Shark လို့ခေါ်တယ်၊ဒေသအခေါ် ဝစီပျောက်ငါးလို့ခေါ်တယ် မြိတ်တက္ကသိုလ်ကအဏ္ဏဝါသိပ္ပံဌာနကို ဓာတ်ပုံတွေ၊မှတ်တမ်းတွေပို့ပြီး အတည်ပြုနိုင်ဖို့လုပ်ထားပါတယ်၊ကျွန်တော်တို့စစ်ဆေးချက်အရနောက်ကျောဘက်မှာ ၈လက်မကနေတစ်ပေလောက်အထိရှိတဲ့ဒဏ်ရာတွေ့တယ် တစ်ခုခုနှင့် ထိခိုက်မိထားတဲ့ပုံစံမျိုးဖြစ်နေတယ် ‘’လို့ကျွန်းစုမြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးညီညီလင်းထွဋ် မှပြောကြားခဲ့သည်။

ဝဲကျွန်းအနီးရှိပဲ့ဂလက်ရေပြင်မှာ ရေဝဲများ၊လှိုင်းတံပိုးများ ပြင်းထန်သည့်နေရာဖြစ်ပြီး ကျွန်းနှစ်ခုအကြားနေရာတွင်အဆိုပါငါးကြီးဖြတ် သန်းစဉ်ကျောက်ဆောင်များဖြင့် ထိခိုက်မိခဲ့ခြင်းဖြစ်နိုင်ကြောင်းသုံးသပ်ထားသည်။

သေဆုံးခဲ့သည့်ဝေ လငါးမန်းကြီးအား ဝဲကျွန်းကျေးရွာရှိ သချင်္ ိုင်းတောင်နေရာတွင်မြုပ်နှံခဲ့ကာ အရိုးနုသတ္တဝါအမျိုးအ စားထဲတွင်ပါဝင်သည့်အတွက်အရိုးရရှိရန် မလွယ်ကူကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင် ဘာလတွင်မြိတ်မြို့နယ်၊ရေမြစ်ကြီးကျေးရွာအနီးတွင် ဝစီပျောက် ငါးကြီးတစ်ကောင်လာရောက်သေဆုံး ခဲ့သည့်ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးကြောင်းသိရသည်။

 

Most Read

Most Recent