ရန်ကုန်မြို့တွင် အဆင့်မြင့်ဟိုတယ် အခန်းအရေအတွက် ၅၅၀၀ ဝန်းကျင်ရှိပြီး အခန်း ငှားရမ်းမှုနှုန်း ၁၄ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားကာ ပျမ်းမျှအခန်းခ ၈၂ ဒေါ်လာ ဝန်းကျင်သာ ရှိနေ

ရန်ကုန်မြို့တွင် အဆင့်မြင့်ဟိုတယ် အခန်းအရေအတွက် ၅၅၀၀ ဝန်းကျင်ရှိပြီး အခန်း ငှားရမ်းမှုနှုန်း ၁၄ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားကာ ပျမ်းမျှအခန်းခ ၈၂ ဒေါ်လာ ဝန်းကျင်သာ ရှိနေ
ရန်ကုန်မြို့ရှိ အဆင့်မြင့်ဟိုတယ်တစ်လုံးကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ရှိ အဆင့်မြင့်ဟိုတယ်တစ်လုံးကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 5 December 2020
စည်သူအောင်

ရန်ကုန်မြို့တွင် အဆင့်မြင့်ဟိုတယ် အခန်းအရေအတွက် ၅၅၀၀ ဝန်းကျင်ရှိပြီး အခန်းငှားရမ်းမှုနှုန်း ၁၄ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့ကာ ပျမ်းမျှအခန်းခ  ၈၂ ဒေါ်လာသာရှိခဲ့ကြောင်း ကနေဒါအခြေစိုက် အိမ်ခြံမြေဝန်ဆောင်မှုနှင့် အကြံပေးလုပ်ငန်း Colliers International (Myanmar) ၏ ၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ် စျေးကွက် သုံးသပ်ချက်အရ သိရသည်။

ရန်ကုန်မြို့တွင် နိုင်ငံတကာဟိုတယ် ၃၀ ကျော်ဖွင့်လှစ်ပြီးဖြစ်ကာ တည်ဆောက်ဆဲ စီမံကိန်း ၁၀ ခုဝန်းကျင်၊ ခွင့်ပြုမိန့်ရပြီးစီမံကိန်း ၂၀ ခုဝန်းကျင်ရှိသည်။ လာမည့်သုံးနှစ်အတွင်း အဆင့်မြင့်ဟိုတယ်စီမံကိန်း ၁၀ ခု ဝန်းကျင်ပြီးစီးရန်မျှော်မှန်းထားပြီး အခန်းပေါင်း ၂၀၄၀ ထွက်ရှိမည်ဟု ခန့်မှန်းထား ခြင်းဖြစ်သည်။ ၂၀၁၉ နှစ်ကုန်တွင် ရန်ကုန်မြို့တွင် အဆင့်မြင့်ဟိုတယ်အခန်းပေါင်း  ၅၇၀၀ ဝန်းကျင်ရှိလာမည်ဟု ခန့်မှန်းခဲ့သော် လည်း အခန်းပေါင်း ၅၅၀၀ ဝန်းကျင်သာရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ်အထိ ဟိုတယ်အသစ်၊ အခန်းသစ်ထွက်ရှိမှုမရှိခဲ့ ကြောင်း သိရသည်။ ၂၀၂၁ ခုနှစ်ကုန်ဆုံးချိန်တွင် အဆင့်မြင့်ဟိုတယ်အခန်း  ၆၀၀၀ ဝန်း ကျင်ရှိလာမည်ဟု မျှော်မှန်းထားသည်။

ရန်ကုန်မြို့ရှိ အဆင့်မြင့်ဟိုတယ်များ၏ ပျမ်းမျှအခန်းငှားရမ်းမှုနှုန်းသည် ၂၀၁၆ ခုနှစ်မှစ၍ ရာခိုင်နှုန်း ၅၀ အောက်ရောက် ပြီး ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်တွင်လည်း ၄၃ ရာခိုင်နှုန်းသာရှိသည်။ ၂၀၁၉ ပထမသုံး လပတ်တွင် ၄၀ ရာခိုင်နှုန်းအထိ ဆက်လက်ကျဆင်းခဲ့ပြီး ၂၀၁၉ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၅၅ ရာခိုင်နှုန်းအထိ ပြန်တက်ခဲ့ကာ ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ်တွင် ၄၂ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ် တတိယ သုံးလ ပတ်တွင် ၁၄ ရာခိုင်နှုန်းအထိ ထိုးဆင်းခဲ့သည်။ ၂၀၁၈ ခု နှစ် ခရီးသွားရာသီအစဖြစ် သည့် အောက်တိုဘာလမှစ၍ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံမှ သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများကို ဗီဇာ ဖြေလျှော့မှုပေးခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာတွင်လည်း သြစတြေးလျ၊ ဂျာမနီ၊ ရုရှား၊ အီတလီ၊ စပိန်နှင့် ဆွစ်ဇာလန်စသည့် နိုင်ငံများကို ဆိုက်ရောက်ဗီဇာခွင့်ပြုခဲ့ပြီး စုစုပေါင်း နိုင်ငံပေါင်း ၅၀ ကျော်ကို ဆိုက် ရောက်ဗီဇာခွင့်ပြုခဲ့ပြီး နိုင်ငံခြားသားခရီးသွားများကို ဆွဲဆောင်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ COVID-19 ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် ခရီးသွားဦးရေ ထိုးဆင်းခဲ့သည်။

ယခုနှစ်များအတွင်း ရန်ကုန်မြို့သို့ နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုကျဆင်းလာမှုနှင့်အတူ အဆင့်မြင့်ဟိုတယ်အခန်းခ များလည်း အကျဘက်ရောက်ခဲ့ရာ စီးပွားရေး ကိစ္စဖြင့်လာရောက်သော ခရီးသွားများကို ပိုမိုအားထားလာရသည်။ ထို့အတူ မြန်မာနိုင်ငံသို့ အမေရိက၊ အနောက်ဥရောပ၊ အ ရှေ့ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ခရီးသွားဝင်ရောက်မှု သိသိသာသာ လျော့ကျနေပြီး ရာခိုင်နှုန်းများစွာ ဝင်ရောက်မှုတိုးလာသော အာရှခရီးသွားများကို ဟိုတယ်စျေးကွက်က အားထားနေရခြင်းဖြစ် သည်။

လာမည့်ဟိုတယ်သစ်များအတွက် တည်ဆောက်မှုအရည်အသွေး၊ အခန်းဖွဲ့စည်းမှု ဒီဇိုင်းအရည်အသွေး၊ ဝန်ဆောင်မှုအရည်အသွေးများ ပိုမိုအရေးပါလာမည်ဖြစ်ပြီး ဟိုတယ်အဟောင်းများသည် အခြားဟိုတယ် များထက် စျေးနှုန်းကျဆင်းမှုပိုများလာမည် ဖြစ်သည်။ ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း ပျမ်းမျှဟိုတယ်အခန်းငှားခမှာ ၁၀၃ ဒေါ်လာဝန်းကျင်ဖြစ်ပြီး ၂၀၁၉ ခုနှစ် စတုတ္ထ သုံးလပတ်တွင် ၈၈ ဒေါ်လာအထိ ကျဆင်းလာသည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ ၂၀၂၀ ပြည့် နှစ် ပထမသုံးလပတ်တွင် ပျမ်းမျှအခန်းငှားရမ်းခမှာ ဒေါ်လာ ၉၀၊ တတိယသုံးလပတ်တွင် ၈၂ ဒေါ်လာဖြစ်သည်။

အဆင့်မြင့်ဟိုတယ်အခန်း ပျမ်းမျှငှားရမ်းမှုနှုန်းသည် ၂၀၁၇ ပထမသုံးလပတ်တွင် ၅၂ ရာခိုင်နှုန်းရှိခဲ့ကာ ၂၀၁၈ ခုနှစ် ဒုတိယ သုံးလပတ်တွင် ၄၇ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၄၃ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်တွင် ၄၀ ရာခိုင်နှုန်း၊  ၂၀၁၉ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၅၅ ရာ ခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ်တွင် ၄၂ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ် တတိယသုံး လပတ်တွင် ၁၄ ရာခိုင်နှုန်းရှိခဲ့သည်။

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သည် နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုအများဆုံး ဒေသများဖြစ်သည်။ မြန်မာနိုင်ငံသို့နှစ်အလိုက် ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသားခရီးသွားဦးရေမှာ ၂၀၁၅ ခုနှစ်တွင် ၄ ဒသမ ၆ သန်း၊ ၂၀၁၆ ခုနှစ်တွင် ၂ ဒသမ ၉၁ သန်း၊ ၂၀၁၇ ခုနှစ်တွင် ၃ ဒသမ ၄၄ သန်း၊ ၂၀၁၈ ခုနှစ်တွင် ၃ ဒသမ ၅၅ သန်း၊ ၂၀၁၉ ခုနှစ်တွင် ၄ ဒသမ ၃၆ သန်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent