ဘန်လေ - အဲဗာတန် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၅ ရက် ည ၇:၀၀ နာရီ)
အဲဗာတန်က ဖူလ်ဟမ်နဲ့ပွဲမှာအသည်းအသန်အနိုင်ရခဲ့ပြီးတော့ လိဒ်ကို အိမ်ကွင်းမှာ ရှုံးခဲ့ပြန်တယ်။ အဲဗာတန်ရဲ့ခံစစ်က ဂိုးတွေလွယ်လွယ်လေးပေးနေရတယ်။ တိုက်စစ်က ဂိုးတွေသွင်းနေပေမဲ့ ရလဒ်ကောင်းတွေနဲ့ ဝေးနေတာ ခံစစ်ကြောင့်လည်းပါတယ်။ ဘန်လေကတော့ တိုက်စစ်အရမ်းအားနည်းတဲ့အသင်းပါ။ အဲဗာတန်ခံစစ် ဂိုးမပေးရအောင် ကစားနိုင်လိမ့်မယ်။ ဂိုးလည်း ရနိုင်တယ်။ (ဝ-၁၊ ဝ-၂)လောက်ဖြစ်နိုင်တယ်။
မန်စီးတီး - ဖူလ်ဟမ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၅ ရက်် ည ၉:၃၀ နာရီ)
မန်စီးတီးက လီဗာပူးလ်၊ စပါးတို့နဲ့ ပွဲတွေမှာ (၁)မှတ်ပဲ ရခဲ့ပြီးနောက် ဘန်လေနဲ့ပွဲ မှာတော့ ပေါက်ကွဲပြခဲ့တယ်။ ဒါပေမဲ့ ပေါ်တိုနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်မှာတော့ ဂိုးပေါက် ပျောက်ခဲ့ပြန်တယ်။ မန်စီးတီးရဲ့တိုက်စစ်က Reliable မဖြစ်တော့ဘူးဆိုတာ လက်ခံဖို့ တောင်ခက်ခဲလွန်းတယ်။ ဖူလ်ဟမ်ကလည်း အားကောင်းလာပြီး၊ အဲဗာတန်၊ လက်စတာတို့ကို တုံ့ပြန်ခဲ့ပုံကောင်းပါတယ်။ မန်စီးတီး နိုင်ပွဲရနိုင်ပေမဲ့ ဂိုးအရမ်းမပြတ်နိုင်ဘူး။
ဝက်စ်ဟမ်း - မန်ယူ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၆ ရက်် ည ၁၂:၀၀ နာရီ)
နှစ်သင်းစလုံးရဲ့နောက်ဆုံး (၅)ပွဲရလဒ်တွေက ထပ်တူကျနေတယ်။ သရေ၊ ရှုံးပွဲတွေအပြီးမှာ (၃)ပွဲဆက်နိုင်ခဲ့ကြတာကို တွေ့ရတယ်။ ပွဲစဉ်အနေအထားလည်း သိပ်မကွာကြဘူး။ ဝက်စ်ဟမ်းရဲ့လက်ရှိခြေစွမ်း၊ စိတ်ဓာတ်၊ စုဖွဲ့မှုက မန်ယူကို ကောင်းကောင်းဒုက္ခပေးနိုင်ပြီး၊ အသင်းဟောင်းကို ဒေးဗစ်မွိုက်စ် ကောင်းကောင်းရင်ဆိုင်နိုင်လိမ့်မယ်လို့ ယူဆရတယ်။ မန်ယူ ခြေအသာနဲ့ နိုင်ပွဲပျောက်တာမျိုး ကြုံသွားရနိုင်တယ်။
ချယ်လ်ဆီး - လိဒ်စ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၆ ရက်် နံနက် ၂:၃၀ နာရီ)
လိဒ်စ်က အဲဗာတန်ကို အဝေးကွင်းမှာ အနိုင်ကစားခဲ့ပြီး လျှော့မတွက်သင့်တဲ့အသင်းဆိုတာကို ပြသခဲ့တယ်။ ရှေ့မှာလည်း အာဆင်နယ်ကို အသာစီးက ကစားပြီး သရေရလဒ်ယူထားတယ်။ ပြဿနာက နောက်ဆုံး(၂)ပွဲဆက် Clean Sheets တွေ ယူခဲ့တဲ့တိုင် လိဒ်စ်ခံစစ်က စိတ်ချလို့မရတဲ့ ခံစစ်ဖြစ်နေတယ်။ ချယ်လ်ဆီးကလည်း အရှိန်ရနေပြီး ခံစစ်ရော၊ တိုက်စစ်ပါ အားကောင်းနေပါပြီ။ ချယ်လ်ဆီး နိုင်ပွဲရလိမ့်မယ်။















