နည်းပြ ဂတ်တူဆိုအား စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုရခဲ့ပြီဟု နာပိုလီအားကစားဒါရိုက်တာ ဆို

နည်းပြ ဂတ်တူဆိုအား စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုရခဲ့ပြီဟု နာပိုလီအားကစားဒါရိုက်တာ ဆို
Photo: Getty Images
Photo: Getty Images
Published 4 December 2020

နာပိုလီအသင်း၏ အားကစားဒါရိုက်တာဖြစ်သူ ဂျင်တိုလီက အသင်းနည်းပြ ဂတ်တူဆိုအား စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အသက် (၄၂)နှစ်အရွယ်ရှိ အီတလီလူမျိုးနည်းပြ ဂတ်တူဆိုသည် နာပိုလီအသင်းကို ၂၀၁၉ ဒီဇင်ဘာလတွင် စတင်ကိုင်တွယ်ခဲ့ပြီး ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ 

ထို့ကြောင့် နာပိုလီအသင်းသည် ၎င်းကို စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်းခဲ့ပြီး ယခုအခါ သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း ဂျင်တိုလီက အတည်ပြုခဲ့ခြင်းဖြစ်သည်။ 

ဂျင်တိုလီက "စာချုပ်သစ်ကိစ္စအတွက် ဂတ်တူဆိုနဲ့ ကျွန်တော်တို့ သဘောတူညီမှု ရရှိခဲ့ပါပြီ။ အန်ဆယ်လော့တီ လမ်းခွဲခဲ့ပြီးကတည်းက ဂတ်တူဆိုဟာ နာပိုလီအသင်းကို အကောင်းဆုံးကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။ ဂတ်တူဆိုက ပရော်ဖက်ရှင်နယ် အရမ်းပီသသူပါ"ဟု Sky Sport Italia သို့ ပြောကြားခဲ့သည်။ 

ဂတ်တူဆိုသည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီက နာပိုလီအသင်းအား ကိုပါအီတာလီယာဖလား ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ 

Most Read

Most Recent