ဇန်နဝါရီ၌ ပရိသတ်များ ဝင်ခွင့်ပြုရန် တီဘက်စ် ရည်မှန်း

ဇန်နဝါရီ၌ ပရိသတ်များ ဝင်ခွင့်ပြုရန် တီဘက်စ် ရည်မှန်း
Photo: Marca
Photo: Marca
Published 3 December 2020

လာလီဂါအဖွဲ့ချုပ်(LFP) ဥက္ကဋ္ဌ တီဘက်စ်က လာမည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအစပိုင်းတွင် ကွင်းအတွင်း ပရိသတ်များ ဝင်ရောက်ကြည့်ရှုခွင့် ပြုရန် ရည်မှန်းထားကြောင်း အတည်ပြုပြောကြားခဲ့သည်။

လာလီဂါပွဲစဉ်များတွင် ကွင်းအတွင်း ပရိသတ်များ ဝင်ရောက်ကြည့်ရှုခွင့်မရခြင်းမှာ ဥရောပ၌ ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားခဲ့သည့် မတ်လလယ်ပိုင်းကတည်းက ဖြစ်သည်။

လက်ရှိတွင် စပိန်၌ အပျော်တမ်းဘောလုံးပွဲအချိုတွင် ကွင်းအတွင်း အကန့်အသတ်ဖြင့် ပရိသတ်များ ဝင်ရောက်ကြည့်ရှုခွင့်ပေးထားပြီး ယခုအခါ လာလီဂါပြိုင်ပွဲတွင်ပါ ပရိသတ်များ ဝင်ရောက်ကြည့်ရှုခွင့်ပေးရန် တာဝန်ရှိသူများက စီစဉ်နေခြင်းဖြစ်သည်။

တီဘက်စ်က ''ကျွန်တော်တို့အနေနဲ့ လာလီဂါပွဲစဉ်တွေမှာ ပရိသတ်တွေ ဝင်ရောက်ကြည့်ရှုခွင့်ပေးဖို့ စီစဉ်နေပါတယ်။ ဇန်နဝါရီအစပိုင်းမှာဖြစ်ဖို့ မျှော်လင့်ပါတယ်''ဟု ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်ပွဲစဉ်အချိုတွင် ယခုဒီဇင်ဘာလမှစတင်ပြီး ကွင်းအတွင်း ပရိသတ်များ ဝင်ရောက်ကြည့်ရှုခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent