မိုရာတာ၏ ပွဲပယ်ပြစ်ဒဏ်အား ဂျူဗင်တပ်စ်အသင်း အယူခံဝင်မည်

မိုရာတာ၏ ပွဲပယ်ပြစ်ဒဏ်အား ဂျူဗင်တပ်စ်အသင်း အယူခံဝင်မည်
Photo: Getty Images
Photo: Getty Images
Published 3 December 2020

ဂျူဗင်တပ်စ်အသင်းသည် တိုက်စစ်မှူး မိုရာတာ၏ ပွဲပယ်ပြစ်ဒဏ်အား အယူခံဝင်သွားမည်ဖြစ်ကြောင်း အီတလီသတင်းစာများ၏အဆိုအရ သိရသည်။

မိုရာတာသည် ဘင်နီဗန်တိုနှင့် သရေကျခဲ့သည့်ပွဲတွင် ပွဲသိမ်းခရာမှုတ်ချိန်၌ ဒိုင်လူကြီးအား အော်ဟစ်စောဒကတက်ခဲ့သဖြင့် တိုက်ရိုက်အနီကတ်ပြသခံခဲ့ရသည်။

စီးရီးအေစည်းကမ်းထိန်းသိမ်းရေးကော်မတီက  ဒိုင်လူကြီးအပေါ် လေးစားမှုမရှိသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့် မိုရာတာအား (၂)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် အဆိုပါဆုံးဖြတ်ချက်အပေါ် ကျေနပ်ခြင်းမရှိဘဲ (၂)ပွဲပယ်ပြစ်ဒဏ်အား အယူခံဝင်သွားမည်ဖြစ်ကြောင်း အီတလီသတင်းစာများက ဖော်ပြခဲ့သည်။

မိုရာတာသည် ယခုရာသီစီးရီးအေတွင် အသင်းအတွက် (၃)ဂိုးသွင်း၊ (၃)ဂိုးဖန်တီးပေးထားသူဖြစ်သည်။

Most Read

Most Recent