ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်း ဒဏ်ရာကြောင့် တစ်လခန့် နားရမည်

ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်း ဒဏ်ရာကြောင့် တစ်လခန့် နားရမည်
Published 3 December 2020

ဒေါ့မွန်နည်းပြ လူစီယန်ဖာက ဟော်လန်း၏ဒဏ်ရာမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘောလုံးပွဲစဉ်ဇယားများ ကျပ်ညပ်သွားခြင်းနှင့် ဆက်စပ်လျက်ရှိသည်ဟု သုံးသပ်ပြောကြားခဲ့ပြီး ဟော်လန်းအနေဖြင့် ဇန်နဝါရီမတိုင်ခင် ဘောလုံးကစားနိုင်ဦးမည်မဟုတ်ဟု အတည်ပြုခဲ့သည်။

ဒေါ့မွန်နည်းပြ လူစီယန်ဖာက အဓိကတိုက်စစ်မှူး ဟော်လန်းအနေဖြင့် ကြွက်သားဒဏ်ရာကြောင့် တစ်လခန့် အနားယူရမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ 

ဟော်လန်းသည် အင်္ဂါနေ့တွင် ဒေါ့မွန်အသင်းအတွက် လေ့ကျင့်ခန်းဆင်းနိုင်ခဲ့သော်လည်း လာဇီယိုအသင်းနှင့် ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်ကိုမူ လွဲချော်ခဲ့သည်။

ဒေါ့မွန်နည်းပြ လူစီယန်ဖာက ဟော်လန်း၏ဒဏ်ရာမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘောလုံးပွဲစဉ်ဇယားများ ကျပ်ညပ်သွားခြင်းနှင့် ဆက်စပ်လျက်ရှိသည်ဟု သုံးသပ်ပြောကြားခဲ့ပြီး ဟော်လန်းအနေဖြင့် ဇန်နဝါရီမတိုင်ခင် ဘောလုံးကစားနိုင်ဦးမည်မဟုတ်ဟု အတည်ပြုခဲ့သည်။

လူစီယန်ဖာက ဟော်လန်းဟာ ဇန်နဝါရီမတိုင်ခင်အထိ ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ သူ ကစားချိန် အရမ်းများသွားလို့ ဖြစ်နိုင်ပါတယ်။ အစပိုင်းမှာ ကျွန်တော်တို့က ဒါကို ဆိုးရွားတဲ့ဒဏ်ရာလို့ မထင်ခဲ့ပါဘူး။ အခုတော့ သူ မကစားနိုင်တော့ပါဘူး ဟု ပြောကြားခဲ့သည်။

ဟော်လန်းသည် ယခုရာသီတွင် ဒေါ့မွန်အသင်းအတွက် ဘွန်ဒစ်လီဂါ(၈)ပွဲ၌ (၁၀)ဂိုး၊ ချန်ပီယံလိဂ်(၄)ပွဲ၌ (၆)ဂိုး သွင်းယူပေးထားသည့် ကစားသမားဖြစ်သည်။

Most Read

Most Recent