(၅) ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံရှစ်ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ဒီဇင်ဘာ ၆ ရက်ကျင်းပမည်

(၅) ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံရှစ်ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ဒီဇင်ဘာ ၆ ရက်ကျင်းပမည်
Photos : Myanmar Lethwei World Championship Facebook
Photos : Myanmar Lethwei World Championship Facebook
Published 1 December 2020

(၅)ကြိမ်မြောက်ကျင်းပမည့် မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံရှစ် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ဒီဇင်ဘာ ၆ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ပရိသတ်မပါဘဲ ကျင်းပသွားမည်ဖြစ်ပြီး ပြည်တွင်းအခပေးရုပ်သံလိုင်းဖြစ်သည့် SkyNet မှ တိုက်ရိုက်ပြသမည်ဖြစ်ကြောင်း သိရသည်။

(၅) ကြိမ်မြောက် ကျင်းပမည့် မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံရှစ် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင်ပါဝင်မည့် တွဲဆိုင်းများကို တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ထွန်းထွန်းမင်းနှင့် ရွှေရာမာန်တို့၏ စိန်ခေါ်ပွဲ ကို အဓိကတွဲဆိုင်းအဖြစ် ထည့်သွင်းထားဖွယ်ရှိကြောင်း သုံးသပ်ပြောဆိုမှုများရှိနေသည်။

ထို့ပြင် နာမည်ကျော် ရိုးရာလက်ဝှေ့သမား စိုးလင်းဦး၊ သွေးသစ်ဝင်းလှိုင်တို့၏ တွဲဆိုင်းများလည်း ပါဝင်လာဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံရှစ်လက်ဝှေ့ပြိုင်ပွဲကို နှစ်စဉ် ကျင်းပလေ့ရှိပြီး နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၉ ပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် စိုး လင်းဦးနှင့် ရွှေရာမာန်တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။

ယခုနှစ်ပြိုင်ပွဲကို ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီတွင် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent