အင်တာမီလန်အသင်း ဘေ့စ်ဘောရိုက်တံများဖြင့် ခြိမ်းခြောက်ခံရ

အင်တာမီလန်အသင်း ဘေ့စ်ဘောရိုက်တံများဖြင့် ခြိမ်းခြောက်ခံရ
Photo: AS
Photo: AS
Published 30 November 2020

အင်တာမီလန်အသင်းအမာခံပရိသတ်များသည် ဆာဆူအိုလိုအသင်းနှင့် ပွဲမတိုင်မီတွင် အသင်းနည်းပြ ကွန်တီနှင့် အင်တာမီလန်အသင်းသားများကို ဘေ့စ်ဘောရိုက်တံများဖြင့် ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။

အင်တာမီလန်အသင်းအမာခံပရိသတ်များက ''ဆာဆူအိုလိုအသင်းနှင့်ပွဲတွင် ရလဒ်မကောင်းပါက ဘေ့စ်ဘောရိုက်တံများကိုင်ဆောင်၍ ရောက်ရှိလာမည်'' ဟု အဓိပ္ပာယ်ရသည့် စာတန်းကို အသင်းလေ့ကျင့်ရေးကွင်းအနီးထားရှိ၍  ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

အင်တာမီလန်အသင်းသည် ဆာဆူအိုလိုအသင်းနှင့်ပွဲမတိုင်မီ ရလဒ်များ မတည်မငြိမ်ဖြစ်နေသဖြင့် ပရိသတ်များက စိတ်ပျက်နေခြင်းဖြစ်ပြီး နည်းပြ ကွန်တီကို ရာထူးမှ ထုတ်ပယ်ရန်လည်း တောင်းဆိုထားကြသည်။

သို့သော် ဆာဆူအိုလိုနှင့် အဝေးကွင်းပွဲတွင် အင်တာမီလန်က (၃-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 

Most Read

Most Recent