ပရီးမီးယားလိဂ်အကောင်းဆုံးများထဲတွင် မိမိ မပါဝင်ဟု ဆွန်ဟောင်မင် ပြောကြား

ပရီးမီးယားလိဂ်အကောင်းဆုံးများထဲတွင် မိမိ မပါဝင်ဟု ဆွန်ဟောင်မင် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 13 November 2020

စပါးအသင်း၏ တောင်ကိုရီးယားကြယ်ပွင့် ဆွန်ဟောင်မင်က သူသည် ကိုယ့်ကိုယ်ကို ပရီးမီးယားလိဂ်၏ အကောင်းဆုံးကစားသမားများထဲက တစ်ဦးဟု ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။ 

အသက် (၂၈)နှစ်အရွယ်ရှိ  တောင်ကိုရီးယားတိုက်စစ်ကစားသမား ဆွန်ဟောင်မင်သည် စပါးအသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်သော်လည်း ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ဆွန်ဟောင်မင်က "ကျွန်တော်က ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တယ်လို့ တစ်ခါမှ စဉ်းတောင် မစဉ်းစားဖူးပါဘူး။ ရိုးရိုးသားသားပြောတာပါ။ လုံးဝမစဉ်းစားခဲ့ဖူးပါဘူး။ ကျွန်တော့်ကလပ်နဲ့ လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြနိုင်ဖို့ပဲ ကြိုးစားနေပါတယ်"ဟု ပြောကြားခဲ့သည်။

ဆွန်ဟောင်မင်သည် ၂၀၁၅ နွေရာသီအပြောင်းအရွှေ့ကာလတွင် လေဗာကူဆင်အသင်းမှ စပါးအသင်းသို့ ယူရို (၂၂)သန်း ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။ 

၎င်းသည် ယခုရာသီတွင် စပါးအသင်းအတွက် ခြေစွမ်းပြကစားနေပြီး ပရီးမီးယားလိဂ် (၈)ပွဲတွင် (၈)ဂိုး သွင်းယူထားသလို၊ ပြိုင်ပွဲစုံ (၁၃)ပွဲတွင် (၁၀)ဂိုးအထိ သွင်းယူထားသည်။ 

Most Read

Most Recent