အီတလီစီးရီးအေပွဲစဉ် (၅)နှင့် ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၅) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၅)နှင့် ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၅) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 25 October 2020

■ အီတလီစီးရီးအေပွဲစဉ် (၅)

ကာဂလီယာရီ - ခရိုတိုနီ (တနင်္ဂနွေညနေ ၆းဝ၀ နာရီ)

ကာဂလီယာရီက ကစားသမားသစ်တွေနဲ့ စတင်အသား ကျလာပါပြီ။ ဆီမြွန်နီ ဂိုးမြူးနေသလို၊ ယာအိုပတ်ဒရိုကလည်း အရေးပါတဲ့စွမ်းဆောင်ရည်ကို ပြသနေဆဲပဲ။ ခရိုတိုနီ ပိတ်ကစား တာကျွမ်းကျင်ပေမယ့် ကာဂလီယာရီ အနိုင်သေချာပါတယ်။

ဘင်နီဗန်တို - နာပိုလီ (တနင်္ဂနွေည ၈း၃၀ နာရီ)

ဖိလစ်ပိုအင်ဇာဂီရဲ့ ဘင်နီဗန်တိုက စိတ်ဓာတ်မာကျော ပေမဲ့ ခံစစ်မလုံခြုံပါဘူး။ လာဇီယိုနဲ့ပွဲမှာ မထင်မှတ်ထာတွေ လုပ်ပြနိုင်ခဲ့ပေမဲ့ အင်တာမီလန်၊ ရိုးမားတို့ကို (၂-၅)ဂိုးတွေနဲ့ အရေးနိမ့်ထားတယ်။ အခုလည်း နာပိုလီတိုက်စစ်ကို ဘင်နီဗန် တိုထိန်းချုပ်နိုင်ဦးမယ်မထင်ဘူး။ ပွဲအဖြေကိုပြောင်းလဲပေးနိုင် ပြီး ဂိုးသွင်းယူနိုင်သူတွေများတဲ့ နာပိုလီတိုက်စစ်ကြောင့် ဘင် နီဗန်တို (၂)ဂိုးပြတ် ရှုံးပါလိမ့်မယ်။

ပါးမား - စပီဇီယာ (တနင်္ဂနွေည ၈း၃၀ နာရီ)

စပီဇီယာက ဖီအိုရင်တီးနားကို သရေခံကစားပြခဲ့လို့ မ တည်ငြိမ်သေးတဲ့ ပါးမားလည်း သတိထားရမယ်။ ကာတစ်၊ ကာ ရာမော့တို့ တိုက်စစ်အခင်းအကျင်းနဲ့ ဒါမီယန်ရဲ့ ဖြတ်တင်ဘော တွေ အသက်ဝင်ခဲ့ရင် ပါးမား အနိုင်ရပါလိမ့်မယ်။

ဖီအိုရင်တီးနား - အူဒီးနီးစ် (တနင်္ဂနွေည ၁၁း၃၀ နာရီ)

နောက်ဆုံးပွဲမှာအနိုင်ယူပြီး အူဒီးနီးစ်က ရာသီအစရလဒ် ဆိုးတွေ  ရပ်တန့်လိုက်တယ်။ ဖီအိုရင်တီးနားက အကျဘက် တဖြည်ဖြည်းရောက်လာပြီး ဟန်ချက်မညီတဲ့ကစားပုံကို မြင်နေ ရတယ်။ အူဒီးနီးစ်ရဲ့ လက်ရှိခြေစွမ်းက ဒုက္ခပေးနိုင်ပေမဲ့ ဖီအို ရင်တီးနား အနိုင်ရသင့်ပါတယ်။ 

ဂျူဗင်တပ်စ် - ဗီရိုနာ (တနင်္လာနံနက် ၂း၁၅ နာရီ)

ဒိုင်နမိုကိဗ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒီဘားလား လူစားဝင်လာပြီးနောက် ဂျူဗင်တပ်စ် တိုက်စစ်ကစားပုံ ပိုပြီးထက်မြက်လာတာတွေ့ရတယ်။ ကူလူဆက်ဗ်စကီးက ပင်ကိုထူးချွန် ပေမဲ့ အသင်းတိုက်စစ်ကို ထိထိရောက်ရောက် မကူညီနိုင်သေးဘူး။ ဗီရိုနာက ကစားပုံ မာ ကျောပေမဲ့ ဂိုးသွင်းနိုင်တဲ့သူမရှိပါဘူး၊ ဒီဘားလား ပြန်ပါလာပြီး မိုရာတာ ဂိုးပေါက်တွေ့ နေတဲ့ ဂျူဗင်တပ်စ် (၂)ဂိုးပြတ်နိုင်ပါလိမ့်မယ်။

■ ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၅) ပွဲကြိုသုံးသပ်ချက်

ဝုလ်ဖ်ဘတ် - အာမီးနီးယား (တနင်္ဂနွေည ၉းဝ၀ နာရီ)

ဝုလ်ဖ်ဘတ်က ဒီရာသီမှာ (၄)ပွဲဆက်သရေကျပြီး နိုင်ပွဲ လုံးဝမရသေးဘူး။ အခုအိမ်ကွင်းပွဲတော့ ဝုလ်ဖ်ဘတ် နိုင်ပွဲစယူ ဖို့များပါတယ်။

၀ါဒါဘရီမင် - ဟော်ဖန်ဟင်မ် (တနင်္ဂနွေည ၁၁း၃၀ နာရီ)

(၂)ပွဲဆက်တိုက်ရှုံးထားတဲ့ ဟော်ဖန်ဟင်မ်အသင်း ယူရို ပါလိဂ်ပွဲတွေကြောင့် ရလဒ်တွေ ပိုယိုင်သွားမလား စောင့်ကြည့် ရမယ်။ ၀ါဒါဘရီမင် အမှတ်ရမယ်ထင်တယ်။

 

Most Read

Most Recent