ခရိုတိုနီနှင့်ပွဲတွင် ပါဝင်ကစားခွင့်မရခဲ့သည့်အတွက် ဒီဘားလား ဒေါသထွက်နေကြောင်း ပီယာလို ပြောကြား

ခရိုတိုနီနှင့်ပွဲတွင် ပါဝင်ကစားခွင့်မရခဲ့သည့်အတွက် ဒီဘားလား ဒေါသထွက်နေကြောင်း ပီယာလို ပြောကြား
Photos: Getty Images
Photos: Getty Images
Published 20 October 2020

ဂျူဗင်တပ်စ်နည်းပြ ပီယာလိုက အသင်းတိုက်စစ်ကစားသမား ဒီဘားလားသည် ခရိုတိုနီအသင်းနှင့်ပွဲတွင် ပါဝင်ကစားခွင့်မရခဲ့သည့်အတွက် ဒေါသထွက်နေကြောင်း ပြောကြားခဲ့သည်။ 

အသက် (၂၆)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်ကစားသမား ဒီဘားလားသည် ယခုရာသီတွင် ဂျူဗင်တပ်စ်အသင်းအတွက် တစ်ပွဲမျှ မကစားရသေးဘဲ ခရိုတိုနီအသင်းနှင့် (၁-၁)ဂိုးဖြင့် သရေကျခဲ့သည့်ပွဲစဉ်တွင်လည်း အရန်ခုံ၌ ထိုင်နေခဲ့ရသည်။ 

ပီယာလိုသည် ဒီဘားလားအား ခရိုတိုနီနှင့်ပွဲတွင် အသုံးပြုရန် စီစဉ်ခဲ့သော်လည်း ခီယေဆာ အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည့်အတွက် နည်းစနစ်ပိုင်းအရ ယင်းပွဲတွင် ဒီဘားလားကို အသုံးမပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ပီယာလိုက "မနေ့က ဒီဘားလားနဲ့ ကျွန်တော် စကားပြောဖြစ်ပါတယ်။ ခရိုတိုနီပွဲမှာ ပါဝင်ကစားခွင့်မရခဲ့တဲ့အတွက် သူ ဒေါသထွက်နေပါတယ်။ ဒါပေမဲ့ ဒီဘားလား ပွဲမကစားရတာ (၃)လလောက် ရှိပါပြီ။ အာဂျင်တီးနားမှာ ဆေးကုသမှုခံယူခဲ့ပြီး လေ့ကျင့်မှုလည်း သေချာမလုပ်ရသေးပါဘူး။ ခရိုတိုနီနဲ့ပွဲမှာ သူ့ကို မိနစ်အနည်းငယ် အသုံးပြုဖို့ ကျွန်တော် စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ ကစားသမားတစ်ယောက် အထုတ်ခံလိုက်ရဖို့ ထင်ထားသလို ဖြစ်မလာခဲ့ပါဘူး"ဟု ပြောကြားခဲ့သည်။ 

ဂျူဗင်တပ်စ်အသင်းသည် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ယနေ့(အောက်တိုဘာ ၂၀ ရက်)တွင် ဒိုင်နမိုကိဗ်နှင့်ပဲတွင် ကစားရမည်ဖြစ်ပြီး ယင်းပွဲတွင် ဒီဘားလား ပါဝင်ကစားဖွယ်ရှိကြောင်း သိရသည်။ 

Most Read

Most Recent