ရပ်ရှ်ဖို့ဒ်သည် အန္တရာယ်အရှိဆုံးတိုက်စစ်မှူးများထဲမှ တစ်ဦးဟု ဘာပေ သုံးသပ်

ရပ်ရှ်ဖို့ဒ်သည် အန္တရာယ်အရှိဆုံးတိုက်စစ်မှူးများထဲမှ တစ်ဦးဟု ဘာပေ သုံးသပ်
Photo: Getty Images
Photo: Getty Images
Published 20 October 2020

ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မန်ယူအသင်းနှင့်ရင်ဆိုင်ရမည့် PSG တိုက်စစ်မှူး ဘာပေက မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် လက်ရှိအချိန်တွင် အင်္ဂလန်ဘောလုံးလောက၏ အန္တရာယ်အရှိဆုံးတိုက်စစ်မှူးများထဲမှ တစ်ဦးဖြစ်သည်ဟု သုံးသပ်ခဲ့သည်။ 

ဘာပေက "ရပ်ရှ်ဖို့ဒ်ဟာ အင်္ဂလန်က အန္တရာယ်အရှိဆုံးတိုက်စစ်မှူးတွေထဲမှာ တစ်ဦးအပါအဝင်ပါ။ သူ ဘယ်လိုထူးခြားကောင်းမွန်ကြောင်းကို ပေါ့ဘာကလည်း ပြောပြဖူးပါတယ်။ ပေါ့ဘာက ဒီလိုမျိုး သိပ်ပြောလေ့မရှိပါဘူး"ဟု ပြောကြားခဲ့သည်။ 

ရပ်ရှ်ဖို့ဒ်သည် မန်ယူနှင့် PSG အသင်းတို့ ဆုံတွေ့ခဲ့သည့် ၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်ပွဲစဉ်တွင် ပယ်နယ်တီမှ ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်သည်။ 

ဘာပေက ယင်းကဲ့သို့ ပယ်နယ်တီ သွင်းယူနိုင်ခဲ့ခြင်းမှာလည်း စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်တည်ငြိမ်မှုကို ပြသနိုင်ခဲ့ခြင်းဖြစ်သည်ဟု ချီးကျူးခဲ့သည်။ 

PSG အသင်းသည် ၂၀၂၀-၂၁ ရာသီ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၁ ရက်၊ နံနက် ၁:၃၀ နာရီ)တွင် မန်ယူအသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။ 

Most Read

Most Recent