(၁၇)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် El Clásico ပွဲစဉ်မတိုင်မီ ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့ တစ်ပြိုင်နက်ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်ဟု မှတ်တမ်းများဖော်ပြ

(၁၇)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် El Clásico ပွဲစဉ်မတိုင်မီ ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့ တစ်ပြိုင်နက်ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်ဟု မှတ်တမ်းများဖော်ပြ
Photo : vbetnews
Photo : vbetnews
Published 19 October 2020

ပြီးခဲ့သည့်စနေနေ့ကယှဉ်ပြိုင်ခဲ့သော စပိန်လာလီဂါပွဲစဉ် (၆)တွင် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့မှာ ပြိုင်ဘက်အသင်းများဖြစ်သည့် ဂီတာဖေးနှင့် ကာဒစ်ဇ်တို့အား အသီးသီးရှုံးနိမ့်ခဲ့ပြီး ၂၀၀၃ ခုနှစ်၊ ဧပြီလနောက်ပိုင်း (၁၇)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် El Clásico ပွဲစဉ်မတိုင်မီ (၂)သင်းစလုံး တစ်ပြိုင်နက် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုရာသီ စပိန်လာလီဂါ၏ ပထမဆုံး El Clásico ပွဲစဉ်ကို လာမည့်အောက်တိုဘာ (၂၄) ရက်နေ့တွင် ဘာစီလိုနာအသင်း၏အိမ်ကွင်း နူးကမ့်၌ လာလီဂါပွဲစဉ် (၇)အဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းပွဲစဉ်မတိုင်မီ နှစ်သင်းစလုံး တစ်ပြိုင်နက် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းလည်းဖြစ်သည်။ 

ယခုကဲ့သို့ El Clásico ပွဲစဉ်မတိုင်မီ နှစ်သင်းစလုံး တစ်ပြိုင်နက် ရှုံးပွဲကြုံတွေ့ခြင်းမှာ ၂၀၀၃ ခုနှစ် ဧပြီလက နောက်ဆုံးဖြစ်ခဲ့ပြီး ထိုစဉ်က ဘာစီလိုနာအသင်းမှာ ဒီပို့တီဗိုအသင်းကို အိမ်ကွင်းတွင် (၂-၄)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး၊ ရီးယဲလ်မက်ဒရစ်အသင်းမှာမူ ဆိုစီဒက်အသင်းအား အဝေးကွင်းတွင် (၂-၄)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ယခုတစ်ကြိမ်တွင်လည်း တိုက်ဆိုင်စွာပင် ဘာစီလိုနာအသင်းမှာ ဂီတာဖေးအသင်းအား အဝေးကွင်းတွင် (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို၊ ရီးယဲလ်မက်ဒရစ်အသင်းမှာ တန်းတက် ကာဒစ်ဇ်အသင်းအား အိမ်ကွင်းတွင် (၀-၁)ဂိုး ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ပထမအကြိမ် တစ်ပြိုင်နက်ရှုံးနိမ့်မှုအပြီး ယှဉ်ပြိုင်ကစားခဲ့သော El Clásico ပွဲစဉ်ကို ရီးယဲလ်မက်ဒရစ်အသင်း၏ဘာနေဗျူးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ် ပြီး (၁-၁)ဂိုးဖြင့် သရေကျခဲ့သည်။

ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့မှာ ယခုရာသီ လာလီဂါပွဲစဉ် (၆)အပြီးတွင်ပင် ပထမဆုံး ရှုံးပွဲကိုယ်စီကြုံတွေ့ခဲ့ကြခြင်း ဖြစ်ပြီး လာမည့် El Clásico ပွဲစဉ်တွင် ရှုံးနိမ့်သည့်အသင်းမှာ (၂)ပွဲဆက်အရှုံးနှင့်အတူ ရာသီ အစပိုင်းမှာပင် ဖိအားများလာဖွယ်ရှိကြောင်း စပိန်မီဒီယာများက သုံးသပ်ခဲ့ကြသည်။

Most Read

Most Recent