ဘွန်ဒစ်လီဂါပွဲစဉ် (၅) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ် (၅) ပွဲကြိုသုံးသပ်ချက်
Photos: Getty Images & Reuters
Photos: Getty Images & Reuters
Published 17 October 2020

ဟော်ဖန်ဟင်မ် - ဒေါ့မွန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၇ ရက်၊ ည ၈:၀၀ နာရီ)

ဟော်ဖန်ဟင်မ်အသင်း ရှုံးပွဲစတွေ့ထားပေမဲ့ လက်ရှိခြေစွမ်းက လျှော့တွက်လို့မရဘူး။ ဒါ့အပြင် ဒေါ့မွန်နဲ့နောက်ဆုံး တွေ့ဆုံမှုတွေမှာ ဟော်ဖန်ဟင်မ်က အံ့အားသင့်ဖွယ်ကောင်းအောင် အသာစီးရယူထားပြီး (၅)ပွဲဆက် ရှုံးပွဲမရှိဘဲ (၃)ပွဲကို အနိုင်ကစားထားခဲ့တယ်။ ဒေါ့မွန်က အဝေးကွင်းအဖွင့်ပွဲ အရေးနိမ့်ထားပြီး ဒီပွဲမှာပါ ရလဒ်ထပ်မကောင်းရင် အသင်းအတွက် ယုံကြည်မှုပါ ထိခိုက်သွားနိုင်တယ်။ ကြားရက်မှာ နိုင်ငံတကာပွဲတွေရှိပေမယ့် ဒေါ့မွန်ရဲ့အဓိကကစားသမားအများစုက ပွဲမကစားရတာ ပိုများပါတယ်။ ဒေါ့မွန်ကိုပဲ ရွေးချယ်တာ ပိုကောင်းမယ်ထင်တယ်။

ဖရိုင်းဘတ် - ၀ါဒါဘရီမင် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၇ ရက်၊ ည ၈:၀၀ နာရီ)

နောက်ဆုံး(၂)ပွဲဆက်အနိုင်ရထားတဲ့ ဝါဒါဘရီမင်က ဖရိုင်းဘတ်ထက် ယုံကြည်မှုပိုရှိနေနိုင်တယ်။ ဝါဒါဘရီမင်အသင်း သရေတော့ မျှော်လင့်လို့ရတယ်။

ဟာသာဘာလင် - စတုဂတ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၇ ရက်၊ ည ၈:၀၀ နာရီ)

ကော်ဒိုဘာ၊ ကူညာတို့ရဲ့ဟာသာဘာလင်တိုက်စစ်ပိုင်းက စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒီတစ်ပွဲတော့ ဟာသာဘာလင် နိုင်ပွဲပြန်ယူမယ်ထင်တယ်။ 

မိန့်ဇ် - လေဗာကူဆင် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၇ ရက်၊ ည ၈:၀၀ နာရီ)

မိန့်ဇ်အသင်းက (၃)ပွဲဆက် အရေးနိမ့်ထားသလို၊ လေဗာကူဆင်ကလည်း သရေပွဲတွေနဲ့ နိုင်ပွဲမတွေ့သေးဘူး။ လက်ရှိပုံစံနဲ့ လေဗာကူဆင် ဂိုးပြတ်နိုင်ဖို့ခက်မယ်။

​​​​​​​

အော့စ်ဘတ် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၇ ရက်၊ ည ၈:၀၀ နာရီ)

အမှတ်ပေးဇယားထိပ်ဆုံး(၂)သင်း တွေ့ဆုံကြတဲ့ပွဲဖြစ်လို့ စိတ်ဝင်စားစရာတော့ ကောင်းနေတယ်။ အော့စ်ဘတ်ရဲ့ရာသီအဖွင့်စွမ်းဆောင်ရည်က အသိအမှတ်ပြုစရာကောင်းပြီး  အိမ်ကွင်းဆိုရင် လိုက်ပ်ဇစ်ကို ဒုက္ခပေးတတ်တဲ့အသင်းစာရင်းမှာပါပါတယ်။ လိုက်ပ်ဇစ်နည်းပြ နာဂယ်စ်မန်းက ဗာနာထွက် သွားတဲ့နေရာအတွက် စိတ်ကြိုက်မတွေ့သေးဘူး။ အစောပိုင်းမှာ ပေါလ်ဆင်ကို အခွင့်အရေးပေးခဲ့သလို၊ နောက်ဆုံးပွဲမှာ ဖော့စ်ဘတ်နဲ့ ပွဲထွက်ခဲ့တယ်။ တိုက်စစ်အခင်းအကျင်း မငြိမ်သေးလို့ အော့စ်ဘတ်ခံစစ်အတွက် ပြဿနာမရှိလောက်ဘူး။ လိုက်ပ်ဇစ် ဂိုးပြတ်ဖို့မလွယ်လို့ အော့စ်ဘတ်ကို ကြိုက်တယ်။

အာမီးနီးယား - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၇ ရက်၊ ည ၁၁:၀၀ နာရီ)

ရာသီအဖွင့် ရှော်လ်ကေးနဲ့ပွဲပြီးကတည်းက ဘိုင်ယန်အသင်းရဲ့ပြိုင်ပွဲစုံရလဒ်တွေက မျှော်လင့်သလို ဖြစ်မလာခဲ့ဘူး။  ပြီးခဲ့တဲ့ရာသီက ပုံစံကောင်းရခဲ့တဲ့နောက်တန်းက နောက်ဆုံး (၃)ပွဲမှာ (၁၀)ဂိုးအထိ ပေးခဲ့ရတယ်။ အာမီးနီးယားက ခံကန် နိုင်စွမ်းရှိပေမဲ့ အဆင့်ချင်းကွာလို့ မလွယ်ပါဘူး။ ဘိုင်ယန် အနိမ့်ဆုံး(၂)ဂိုးတော့ပြတ်မှာပါ။

မိုချန်ဂလာဘတ် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၈ ရက်၊ နံနက် ၁:၀၀ နာရီ)

မိုချန်ဂလာဘတ်က ချန်ပီယံလိဂ်မှာ အုပ်စုကျပ်ထဲရောက်နေလို့ အာရုံများနေနိုင်ပေမဲ့ ဒီရာသီအိမ်ကွင်းနိုင်ပွဲတော့ စတင်ရယူဖို့ ကြိုးစားမှာပါ။ ဝုလ်ဖ်ဘတ် ရှုံးပွဲမရှိသေးပေမဲ့ အားရစရာမရှိပါဘူး။ မိုချန်ပဲ နိုင်ဖို့များတယ်။

Most Read

Most Recent