အီတလီသို့ပြန်လာသည့် စီရော်နယ်လ်ဒိုအနေဖြင့် ကျန်းမာရေးလုပ်ထုံးလုပ်နည်းများ ချိုးဖောက်ခြင်းဖြစ်နိုင်ကြောင်း အီတလီအားကစားဝန်ကြီး စပါဒါဖိုရာ သုံးသပ်

အီတလီသို့ပြန်လာသည့် စီရော်နယ်လ်ဒိုအနေဖြင့် ကျန်းမာရေးလုပ်ထုံးလုပ်နည်းများ ချိုးဖောက်ခြင်းဖြစ်နိုင်ကြောင်း အီတလီအားကစားဝန်ကြီး စပါဒါဖိုရာ သုံးသပ်
Photos: Getty Images, Reuters & EPA
Photos: Getty Images, Reuters & EPA
Published 16 October 2020

COVID-19 ကူးစက်ခံရပြီးနောက်အီတလီနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုအနေဖြင့် ကျန်းမာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ချိုးဖောက်ခြင်းဖြစ်နိုင်ကြောင်း အီတလီအားကစားဝန်ကြီး စပါဒါဖိုရာက သုံးသပ်ပြောကြားသည်။



    

ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် သွားရောက်ကစားစဉ် COVID-19 ကူးစက်ခံခဲ့ရသည့် စီရော်နယ်လ်ဒိုသည် ဗုဒ္ဓဟူးနေ့တွင် သီးသန့်လေယာဉ်ဖြင့် တူရင်မြို့သို့ပြန်လည်ရောက်ရှိလာပြီး နေအိမ်၌ Quarantine နေထိုင်လျက်ရှိသည်။ 

စီရော်နယ်လ်ဒိုသည် စပိန်အသင်းနှင့် ခြေစမ်းပွဲ၊ ပြင်သစ်အသင်းနှင့် UEFA Nations League ပွဲတွင် ပါဝင်ကစား ခဲ့ပြီး ဆွီဒင်အသင်းနှင့်ပွဲမတိုင်မီ စစ်ဆေးစဉ် Positive တွေ့ရှိသောကြောင့် သီးသန့်လေယာဉ်ဖြင့် တူရင်သို့ပြန်လာခဲ့ခြင်းဖြစ်သည်။ 

သို့ဖြစ်ရာ ၎င်းအနေဖြင့် ကျန်းမာရေးစည်းမျဉ်း များကို ချိုးဖောက်ခြင်းဖြစ်နိုင်သလားဟု မီဒီယာများက မေးမြန်းရာ အားကစားဝန်ကြီး စပါဒါဖိုရာက "ဟုတ်ပါတယ်။ ကျန်းမာရေး အာဏာပိုင်တွေဆီက အထူးခွင့်ပြုချက်မရထားဘူးဆိုရင်တော့ ကျွန်တော်လည်း အဲဒီလိုပဲ ထင်ပါတယ်"ဟု ဖြေကြားခဲ့သည်။

    

သို့သော် ဂျူဗင်တပ်စ်အသင်းဥက္ကဋ္ဌ အက်ဂ်နယ်လီကမူ မိမိတို့အနေဖြင့် မည်သည့် စည်းမျဉ်းမျှ ချိုးဖောက်ခြင်းမရှိကြောင်း တုံ့ပြန် ပြောကြားခဲ့သည်။ 

"ဥပဒေအကြောင်းသိချင်ရင် ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနဆီကို ဖုန်းဆက်ရမှာပါ။ သူတို့က ရှင်းပြပေးနိုင်ပါလိမ့်မယ်။ ဂျူဗင်တပ်စ်အနေနဲ့ အစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း လိုက်နာပါတယ်။ ကျွန်တော်က အားကစားမန်နေဂျာတစ်ယောက်ပါ။ သူက အစိုးရဥပဒေတွေကို ချိုးဖောက်ခဲ့တာလားဆိုတာ ကျွန်တော်မသိပါဘူး။ ရော်နယ်လ်ဒိုက ကျန်းမာရေးအာဏာပိုင်တွေ ခွင့်ပြုထားတဲ့ ဆေးဘက်ဆိုင်ရာ လေယာဉ်ခရီးစဉ်နဲ့ ပြန်လာတာပါ"ဟု အက်ဂ်နယ်လီက ဆိုခဲ့သည်။

Most Read

Most Recent