ဂျီနိုအာကစားသမား (၁၇)ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

ဂျီနိုအာကစားသမား (၁၇)ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ
Photos : Genoa Facebook
Photos : Genoa Facebook
Published 5 October 2020

ဂျီိနိုအာအသင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ကစားသမားအရေအတွက်သည် မြင့်တက်လျက်ရှိကာ ပြီးခဲ့သည့်စနေနေ့အထိ (၁၇)ဦး ရှိလာခဲ့သည်။

ထို့ပြင် ဂျီနိုအာအသင်းမှ ဝန်ထမ်းအနည်းဆုံး (၅)ဦးမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည်ဟု သိရသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း၌ ဂျီနိုအာအသင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ စတင်ခဲ့ပြီး ပထမဆုံးကူးစက်ခံရသူမှာ ဂိုးသမားပါရင်ဖြစ်ပြီး ဒုတိယမြောက်ကူးစက်ခံရသူမှာ ကွင်းလယ်လူ လက်ဆီရွှန်းတို့ ဖြစ်သည်။

ထို့ကြောင့် ဂျီနိုအာအသင်းသည် ပြီးခဲ့သည့် ကြာသပတေးနေ့မှစတင်၍ လေ့ကျင့်ခန်းအစီအစဉ်များ ရပ်ဆိုင်းထားပြီး တိုရီနိုအသင်းနှင့်ကစားမည့် အိမ်ကွင်းပွဲစဉ်ကိုလည်း ဖျက်သိမ်းခဲ့သည်။

ထို့ပြင် ဂျီနိုအာအသင်းနှင့် စီးရီးအေပွဲစဉ်နောက်ဆုံးကစားခဲ့သည့် နာပိုလီအသင်းတွင်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများရှိလာသဖြင့် စိုးရိမ်မှုများမြင့်တက်လာခဲ့သည်။

လက်ရှိအချိန်တွင် ဂျီနိုအာအသင်းနှင့်သက်ဆိုင်သူအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ၊ မရှိ စစ်ဆေးလျက်ရှိပြီး နောက်ထပ်ပိုးတွေ့ရှိသူများ ထပ်မံထွက်ပေါ်လာနိုင်ကြောင်း ယူဆနေကြသည်။

ဂျီနိုအာအသင်းပိုင်ရှင် အန်ရစ်ကိုပရီဇီအိုဆီက လက်ရှိအခြေအနေဆိုးများကို ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်းနှင့် လက်ရှိရာသီကုန်ဆုံးချိန်တွင် တန်းမဆင်းရရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

Most Read

Most Recent