ဝက်ဖို့ဒ်အသင်း၏ တောင်ပံကစားသမား အစ္စမေလာဆားကို ခေါ်ယူရန်အတွက် မန်ယူအသင်း စတင်ဆွေးနွေးနေ

ဝက်ဖို့ဒ်အသင်း၏ တောင်ပံကစားသမား အစ္စမေလာဆားကို ခေါ်ယူရန်အတွက် မန်ယူအသင်း စတင်ဆွေးနွေးနေ
Photos : Getty Images
Photos : Getty Images
Published 4 October 2020

မန်ယူအသင်းသည် ဝက်ဖို့ဒ်အသင်း၏ တောင်ပံကစားသမား အစ္စမေလာဆားကို ခေါ်ယူရန်အတွက် ဆွေးနွေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း  Telegraph သတင်းစာက ဖော်ပြခဲ့သည်။ 

မန်ယူအသင်းသည် ဒေါ့မွန်အသင်းမှ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုအားခေါ်ယူရန် ကြိုးပမ်းမှု မအောင်မမြင်ဖြစ်လာသဖြင့် အစ္စမေလာဆား (၂၂ နှစ်)ကို အာရုံစိုက်ကြိုးပမ်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ဆီနီဂေါလက်ရွေးစင်အသင်းအတွက် (၂၇)ပွဲကစားပေးထားသူ အစ္စမေလာဆားကို ခေါ်ယူရန် လီဗာပူးလ်အသင်းကလည်း စိတ်ဝင်စားခဲ့ဖူးပြီး သူ၏ကလပ် ဝက်ဖို့ဒ်အသင်းက ၎င်းအတွက် ပေါင်သန်း(၄၀)ခန့် အလိုရှိနေကြောင်း သိရသည်။

အစ္စမေလာဆားသည် ပြီးခဲ့သည့်ရာသီက ဝက်ဖို့ဒ်အသင်းအတွက် (၂၈) ပွဲ ကစားခဲ့ပြီး (၅) ဂိုးသွင်းယူနိုင်ခဲ့သည်။

Most Read

Most Recent