ဟတ်ဆန်အိုဒွိုင်း၊ လော့ဖ်တပ်ချိခ် နှင့် တိုမိုရီတို့သုံးဦးကို အငှားချဖွယ်ရှိကြောင်း ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ် အရိပ်အမြွက်ပြောကြား

ဟတ်ဆန်အိုဒွိုင်း၊ လော့ဖ်တပ်ချိခ် နှင့် တိုမိုရီတို့သုံးဦးကို အငှားချဖွယ်ရှိကြောင်း ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ် အရိပ်အမြွက်ပြောကြား
Photos : Getty Images & AFP
Photos : Getty Images & AFP
Published 4 October 2020

၎င်းတို့သုံးဦးအနက် အသက် ၁၉ နှစ်အရွယ် အင်္ဂလန်တောင်ပံ ကစားသမား ဟတ်ဆန်အိုဒွိုင်းကို ဘိုင်ယန်မြူးနစ်အသင်းက အငှား ဖြင့်ခေါ်ယူရန် ကြိုးပမ်းနေပြီး လာမည့်နှစ် နွေရာသီတွင် ပေါင်သန်း ၇၀ ဖြင့် အပြီးသတ်ဝယ်ယူရန် ကနဦး ကမ်းလှမ်းမှုကို ချယ်လ်ဆီးအသင်းက ပယ်ချလိုက်ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က ပွဲထွက်ခွင့်ရရန် မသေချာသည့် ဟတ်ဆန်အိုဒွိုင်း၊ လော့ဖ်တပ်ချိခ်နှင့် တိုမိုရီတို့သုံးဦး ကို အငှားချဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။

နွေရာသီအပြောင်းအရွှေ့ ကာလမှာ အောက်တိုဘာ ၅ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး ပဲလေ့စ်အသင်းနှင့်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့သုံးဦး၏ အနာဂတ်နှင့်ပတ်သက်၍ လမ်းပတ်က ယခုလို ပြောကြားခြင်းဖြစ်သည်။ "တကယ်လို့ တစ်ယောက်ကို အငှား ချရမယ့်အခြေအနေဖြစ်လာပြီဆို ရင် ကလပ်အတွက်၊ ကစားသမားအတွက် အကောင်းဆုံးဖြစ်မယ့်အရာကို အရင်ဆုံး ဦးစားပေးရပါမယ်။ ဒါက အသင်းမှာရှိတဲ့ ကစားသမားအားလုံးအတွက်ပါ။ ဒီကစား သမားသုံးယောက်ကိုလည်း အဲဒီအချက်တွေနဲ့ ထည့်သွင်းစဉ်းစားသွားမှာပါ။ ဒါပေမဲ့ ကျွန်တော့်ဆီကနေ ခင်ဗျားတို့ အဖြေရဖို့မရှိပါဘူး။ ကျွန်တော်နဲ့ သူတို့အားလုံးကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ ဒါပေမဲ့ လာမယ့်ရက်တွေမှာ ကစားသမားတစ်ယောက်ချင်းစီအလိုက် ချဉ်းကပ်သွားမှာပါ။ အပြောင်းအရွှေ့ကာလပိတ်လိုက်တာနဲ့ အသင်းမှာရှိတဲ့ ကစားသမားအားလုံးကို အသုံးပြုသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ရာသီတစ်ခုဆိုတာ အကြာကြီးယှဉ် ပြိုင်ရတဲ့အပြင် ပြိုင်ပွဲတွေကလည်း အများကြီးရောက်လာတော့မှာမို့ပါ။ တနင်္လာနေ့ကျရင်တော့ ကျွန်တော်တို့ ပိုပြီးသိရမှာပါ" ဟု လမ်းပတ်က ပြောကြားခဲ့သည်။

၎င်းတို့သုံးဦးအနက် အသက် ၁၉ နှစ်အရွယ် အင်္ဂလန်တောင်ပံ ကစားသမား ဟတ်ဆန်အိုဒွိုင်းကို ဘိုင်ယန်မြူးနစ်အသင်းက အငှား ဖြင့်ခေါ်ယူရန် ကြိုးပမ်းနေပြီး လာမည့်နှစ် နွေရာသီတွင် ပေါင်သန်း ၇၀ ဖြင့် အပြီးသတ်ဝယ်ယူရန် ကနဦး ကမ်းလှမ်းမှုကို ချယ်လ်ဆီးအသင်းက ပယ်ချလိုက်ကြောင်း သိရသည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့က တည်းက ဟတ်ဆန်အိုဒွိုင်းကိုခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးပြီး အကြိမ်ကြိမ် ကမ်းလှမ်းသော်လည်း ချယ်လ်ဆီးအသင်းက လက်မခံဘဲ ပယ်ချခဲ့သည်။ 

သို့သော် ဘိုင်ယန်မြူးနစ်အသင်းသည် ၎င်းအား လက်မလျှော့သေးဘဲ တစ်ရာသီ အငှားဖြင့်ခေါ်ယူခွင့်အပြင် ၂၀၂၁ ခုနှစ် နွေရာသီတွင် အပြီးသတ်ဝယ်ယူခွင့်ရမည့်အချက်ဖြင့် ခေါ်ယူရန် ကြိုးပမ်းနေကြောင်း Sky Germany သတင်းဌာနက ဖော်ပြခဲ့ပြီး အပြောင်းအရွှေ့ နောက်ဆုံးရက်အထိ ဆက်လက်ဆွေးနွေးရဖွယ်ရှိ နေသည်။ ချယ်လ်ဆီးအသင်းသည် အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဘာကလေကို ဗီလာအသင်းထံ အငှားချလိုက်ပြီဖြစ်သလို ကွင်းလယ်လူ လော့ဖ်တပ်ချိခ်နှင့် နောက်ခံလူ တိုမိုရီတို့ကိုပါ အငှားချထားရန် စီစဉ်နေခြင်းဖြစ်သည်။

Most Read

Most Recent