စီးရီးအေပွဲစဉ် (၁) ပွဲကျန် ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ် (၁) ပွဲကျန် ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 30 September 2020

ဘင်နီဗန်တို - အင်တာမီလန် (မြန်မာစံတော်ချိန် စက်တင်ဘာ ၃၀ ရက်၊ ည ၁၀:၃၀ နာရီ)



ပြီးခဲ့တဲ့ပွဲစဉ်မှာ အင်တာမီလန်က ဖီအိုရင်တီးနားကို နောက်ဆုံးမိနစ်ချေပဂိုး၊ အနိုင်ဂိုးတွေနဲ့ ခက်ခက်ခဲခဲအနိုင်ယူခဲ့ရတယ်။ ဘင်နီဗန်တိုကလည်း ပွဲစဉ် (၂)မှာ အနိုင်ရထားတဲ့အသင်းပါ။ ဒါပေမဲ့ အင်တာမီလန်ပဲ အနိုင်ရမယ်။ 

အူဒီးနီးစ် - စပီဇီယာ (မြန်မာစံတော်ချိန် စက်တင်ဘာ ၃၀ ရက်၊ ည ၁၀:၃၀ နာရီ)



ဒီအချိန်မှာ ခြေစွမ်းအမှန်ကို သုံးသပ်ဖို့ ခက်နေသေးပေမယ့် အူဒီးနီးစ်ရဲ့ လူအင်အားနဲ့ ခြေအဆင့်အတန်းက စပီဇီယာ ထက်ပိုကောင်းပါတယ်။ အစဉ်အလာပိုင်းနဲ့ အိမ်ကွင်းဖြစ်နေတာတွေကြောင့် အူဒီးနီးစ် အနိုင်ကစားသွားပါလိမ့်မယ်။ 

လာဇီယို - အတ္တလန်တာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁ ရက်၊ နံနက် ၁:၁၅ နာရီ)

 

ပြီးခဲ့တဲ့ရာသီတုန်းက အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး နှစ်ကျော့စလုံး ဂိုးတွေအပြိုင်သွင်းခဲ့ကြတယ်။ အတ္တလန်တာက (၁)ပွဲနိုင်၊ (၁)ပွဲသရေကစားခဲ့တယ်။ ခြေစွမ်းချင်းသိပ်မကွာကြပေမယ့် လာဇီယိုခံစစ်က အတ္တလန်တာခံစစ်ထက်ပိုကောင်းပြီး အတ္တလန်တာကတော့ စီးရီးအေမှာ တိုက်စစ်အကောင်းဆုံးအဖြစ် ရပ်တည်နိုင်ခဲ့တယ်။ ဒီရာသီလည်း အတ္တလန်တာရဲ့ပွဲစဉ် (၂) (၂-၄)ဂိုးနိုင်ပွဲ၊ လာဇီယိုရဲ့ ပွဲစဉ် (၂) (ဝ-၂) နိုင်ပွဲတွေက မနှစ်ကလိုအရှိန်မျိုးနဲ့ ဆက်လက်လည်ပတ်နေမယ့် သဘောမျိုးဖြစ်နေတယ်။ ခံစစ်ပိုကောင်းပြီး အသင်းလိုက် ဟန်ချက်ညီတဲ့ လာဇီယိုက တိုက်စစ်ပိုကောင်းတဲ့ အတ္တလန်တာကို ဘယ်လိုထိန်းချုပ်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းပြီး တကယ်တော့ ထိန်းချုပ်နိုင်ဖို့ကလည်း ခက်ပါတယ်။ (၂-၂) ဂိုးနဲ့ သရေဆိုတဲ့ ရလဒ်မျိုးဖြစ်လာမယ်ထင်တယ်။