ဘိုင်ယန်မြူးနစ်နည်းပြ ဖလစ်ခ်က အသင်းတောင်ပံကစားသမား ဆာနေးသည် ဒူးဒဏ်ရာကြောင့် ဒေါ့မွန်နှင့်ကစားမည့် ဂျာမန်စူပါဖလားပွဲကို လွဲချော်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
အသက် (၂၄)နှစ်အရွယ်ရှိ ဂျာမန်တောင်ပံကစားသမား ဆာနေးသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် မန်စီးတီးအသင်းမှ ဘိုင်ယန်မြူးနစ်အသင်းထံသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းတွင် ခြေစွမ်းပြကစားနေသူ ဖြစ်သည်။
သို့သော် ဆာနေးသည် စက်တင်ဘာ (၂၇)ရက်က ကစားခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ် ဟော်ဖန်ဟင်မ် (၄-၁) ဘိုင်ယန်မြူးနစ်ပွဲတွင် ဒူးဒဏ်ရရှိခဲ့ပြီး ယင်းဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ် အနားယူရဖွယ်ရှိနေကြောင်း သိရသည်။
ဖလစ်ခ်က "ဒေါ့မွန်နဲ့ ကစားမယ့်ပွဲမှာ ဆာနေး ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ သူ့အနေနဲ့ (၂) ပတ်လောက် အနားယူဖွယ်ရှိပြီး နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ ပြန်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ဂျာမန်စူပါဖလားပွဲစဉ်အဖြစ် စက်တင်ဘာ (၃၀)ရက်တွင် ဒေါ့မွန်အသင်းနှင့် ကစားရမည်ဖြစ်သည်။