ဝေါလ်ကော့ကို မထွက်ခွာစေလိုဟု အန်ဆယ်လော့တီ ဆို

ဝေါလ်ကော့ကို မထွက်ခွာစေလိုဟု အန်ဆယ်လော့တီ ဆို
Photo: Getty Images
Photo: Getty Images
Published 29 September 2020

အဲဗာတန်နည်းပြ အန်ဆယ်လော့တီက အင်္ဂလန်တောင်ပံကစားသမား ဝေါလ်ကော့ကို အသင်းမှ မထွက်ခွာစေလိုဟု ပြောကြားခဲ့သည်။ 

သို့သော် အသင်းတွင် ပထမကစားသမားအဖြစ် နေရာရယူနိုင်ရန် ခက်ခက်ခဲခဲကြိုးပမ်းရမည်ဟုလည်း သတိပေးခဲ့သည်။ 

ဝေါလ်ကော့သည် ယခုရာသီ၌ လိဂ်ဖလားတစ်ပွဲသာ ကစားခွင့်ရထားပြီး လိဒ်စ်အသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းထွက်နေ သည်။ 

အန်ဆယ်လော့တီက "အသင်းမှာ နေရာလုပွဲ ပြင်းထန်လာတာက အဓိကပြဿနာပါ။ ဝေါလ်ကော့လို ကစားသမားကို အသင်းက မထွက်ခွာစေချင်ပါဘူး။ ဒါပေမဲ့ ကြိုးစားဖို့ လိုပါတယ်"ဟု ပြောကြားခဲ့သည်။

အသက် (၃၁) နှစ်အရွယ်ရှိ ဝေါလ်ကော့သည် ၂၀၁၈ ဆောင်းရာသီအပြောင်းအရွှေ့ကာလတွင် အာဆင်နယ်အသင်းမှ အဲဗာတန်အသင်းသို့ ပေါင်သန်း (၂၀) ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ 

၎င်းသည် အဲဗာတန်အသင်းအတွက် (၄)ရာသီအတွင်း ပြိုင်ပွဲစုံ (၈၄)ပွဲတွင် (၁၁)ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent