မန်ယူအသင်း ပယ်နယ်တီကန်ခွင့်ရရှိခြင်းမှာ ပွဲချိန်အတွင်းဖြစ်ရပ်ကြောင့်ဖြစ်ပြီး ဥပဒေနှင့်ကိုက်ညီမှုရှိဟု Sky Sports ဖော်ပြခဲ့ပြီး မိမိတို့တစ်မှတ်သာရသင့်သော်လည်း ပယ်နယ်တီမှာ မှန်ကန်သည့်ဆုံးဖြတ်ချက်ဟု ဆိုးလ်ရှားသုံးသပ်

Photos : AFP
Photos : AFP
Published 27 September 2020

ယင်းပွဲတွင် နှစ်ဂိုးစီသရေဖြစ်နေစဉ် ကွင်းလယ်ဒိုင်လူကြီး ကာဗန်နာက ပွဲသိမ်းခရာမှုတ်ခဲ့သော်လည်း VAR ၏ အကြောင်းကြားမှုကြောင့် လက်ထိဘောသတ်မှတ်၍ ပယ်နယ်တီပြန်ကန်ခွင့်ပေးသဖြင့် မန်ယူအသင်း နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ ပွဲပြီးခါနီး နာကျင်အချိန်ပိုငါးမိနစ် သတ်မှတ်ပေးထားစဉ် လေးမိနစ်တွင် ဘရိုက်တန်ကွင်းလယ်လူ မာ့ချ်က နှစ်ဂိုးစီသရေဖြစ်စေမည့် ချေပဂိုး သွင်းယူခဲ့သည်။ 

ပရီးမီးယားလိဂ်ပွဲစဉ် (၃) အဖြစ် မနေ့က ယှဉ်ပြိုင်ကစားသည့် ဘရိုက်တန်-မန်ယူပွဲတွင် မန်ယူအသင်း ပယ်နယ်တီကန် ခွင့်ရရှိခြင်းမှာ ပွဲချိန်အတွင်းဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကြောင့်ဖြစ်ပြီး ဘောလုံးဥပဒေနှင့် ကိုက်ညီမှုရှိကြောင်း ဗြိတိန်အခြေစိုက် Sky Sports သတင်းဌာနက ဖော်ပြခဲ့သည်။

ယင်းပွဲတွင် နှစ်ဂိုးစီသရေဖြစ်နေစဉ် ကွင်းလယ်ဒိုင်လူကြီး ကာဗန်နာက ပွဲသိမ်းခရာမှုတ်ခဲ့သော်လည်း VAR ၏ အကြောင်းကြားမှုကြောင့် လက်ထိဘောသတ်မှတ်၍ ပယ်နယ်တီပြန်ကန်ခွင့်ပေးသဖြင့် မန်ယူအသင်း နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ ပွဲပြီးခါနီး နာကျင်အချိန်ပိုငါးမိနစ် သတ်မှတ်ပေးထားစဉ် လေးမိနစ်တွင် ဘရိုက်တန်ကွင်းလယ်လူ မာ့ချ်က နှစ်ဂိုးစီသရေဖြစ်စေမည့် ချေပဂိုး သွင်းယူခဲ့သည်။ 

ထို့နောက် ပွဲပြန်စတင်ရာ မန်ယူအသင်း ထောင့်ကန်ဘောရရှိခဲ့ပြီး မက်ဂွိုင်းရား၏ ခေါင်းတိုက်သွင်းယူမှုကို ဘရိုက်တန်ကစားသမားတစ်ဦး ဂိုးစည်းပေါ်မှ ခေါင်းတိုက်ရှင်းထုတ်ပြီးနောက် ဒိုင်လူကြီးက ပွဲသိမ်းခရာမှုတ်ခဲ့သည်။ သို့သော် မက်ဂွိုင်းရား ခေါင်းတိုက်စဉ် ဘရိုက်တန်တိုက်စစ်မှူး မူပေး၏လက်နှင့်ထိသွားကြောင်း VAR က အကြောင်းကြားသဖြင့် ကွင်းဘေးရှိ ဖန်သားပြင်ကိုကြည့်ရှု၍ ပယ်နယ်တီသတ်မှတ်ပေးခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်က အနိုင်ဂိုးအဖြစ် အမှားအယွင်းမရှိ ကန်သွင်းယူခဲ့သည်။ ယင်းဂိုးအတွက် ဘရိုက်တန်အသင်းကစားသမားများနှင့် နည်းပြ ဂရေဟမ်ပေါ်တာတို့က ဝေဖန်ခဲ့ကြသော်လည်း IFAB (နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်များ ဘုတ်အဖွဲ့) ၏ ဥပဒေ နှင့် ကိုက်ညီမှုရှိကြောင်း Sky Sports သတင်းဌာနက ဖော်ပြခဲ့ခြင်းဖြစ်သည်။

ပယ်နယ်တီဖြစ်ရပ်မှာ ပွဲသိမ်းခရာမမှုတ်ခင် ဖြစ်ပွားခဲ့သောကြောင့် သာမန်ပွဲကစားချိန်အတွင်း အကျုံးဝင်ပြီး VAR က စစ်ဆေး ခွင့်ရှိကြောင်း၊ IFAB ၏ ဥပဒေ ၇ ဒသမ ၄ အရ ပယ်နယ်တီကန်ခြင်း (သို့မဟုတ်) ပြန်လည်ကန်သွင်းခြင်း ပြုလုပ်ရပါက ပယ်နယ်တီကန်ပြီးသည့်အချိန်အထိ ပွဲကစားချိန်ကို ထပ်တိုးရမည်ဖြစ်ကြောင်း၊ ဘရူနိုဖာနန်ဒက်စ်၏ ပယ်နယ်တီမှာ ပွဲ၏နောက်ဆုံးကန်ချက် ဖြစ်သောကြောင့် ဘရိုက်တန်ဂိုးသမား မတ်ရိုင်ယန် ကာကွယ်နိုင်ပါက ပြန်လည်ပိတ်သွင်း ယူခွင့်မရှိကြောင်း၊ အကယ်၍ ယင်းကဲ့သို့ ပိတ်သွင်းသဖြင့် ဂိုးဝင်သွားပါက ထည့်သွင်းရေတွက်မည်မဟုတ်ကြောင်း သိရသည်။ 

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကလည်း မိမိတို့အနေဖြင့် တစ်မှတ်သာရသင့်သော်လည်း ပယ်နယ်တီမှာမူ မှန်ကန်သည့်ဆုံးဖြတ်ချက် ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ "ပွဲသိမ်းခရာမှုတ်ပြီးမှ ဂိုးရလိမ့်မယ်လို့ မထင်ထားပါဘူး။ ဒါပေမဲ့ လက်ထိဘောက ပွဲမပြီးခင် ဖြစ်ခဲ့တာမို့ အခုလိုဆုံးဖြတ်တာ မှန်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တစ်မှတ်နဲ့ပဲ ထိုက်တန်ပါတယ်။ အဲဒီထက်ပိုပြီး မရသင့်ပါဘူး။ သူတို့က အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ပြီး ကန်သွင်းခွင့်တွေလည်း အများကြီးရခဲ့တယ်ဆိုတာ ဝန်ခံပါတယ်" ဟု ၎င်းက ဆိုသည်။