COVID-19 လူနာသစ် ၃၃၄ ဦး ထပ်မံတွေ့ရှိပြီး အတည်ပြုလူနာ ၇၃၀၀ နီးပါး ရှိလာ

COVID-19 လူနာသစ် ၃၃၄ ဦး ထပ်မံတွေ့ရှိပြီး အတည်ပြုလူနာ ၇၃၀၀ နီးပါး ရှိလာ
Published 23 September 2020

COVID-19 လူနာသစ် ၃၃၄ ဦး ထပ်မံတွေ့ရှိပြီး ဓာတ်ခွဲအတည်ပြုလူနာ ၇၂၉၂ ဦးရှိလာကာ သေဆုံးသူ ၁၃၀ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၂၃ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာ ၂၃ ရက်၊ နံနက် ၈ နာရီမှ ည ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲ စစ်ဆေးချက်များအရ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၇၃၂)ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ ဓာတ်ခွဲနမူနာ (၃၀၃) ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၄၃၄) ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၂၄၄) ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၁၃၀) ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၅) ခုနှင့် နေပြည်တော် အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၃၄) ခု စုစုပေါင်း (၂,၁၀၂) ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့တွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၃၃၄) ဦး တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း (၂,၀၈၅) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စက်တင်ဘာ ၂၃ ရက်နေ့ ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၇,၂၉၂) ဦးရှိပြီဖြစ်ပြီး ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူပေါင်း (၁၃၀) ဦးရှိကြောင်း သိရသည်။

စက်တင်ဘာ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီမှ စက်တင်ဘာ ၂၃ ရက်နေ့၊ နေ့လယ် ၁၂ နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၄၃၈) ဦးရှိကြောင်းလည်း သိရသည်။

Most Read

Most Recent