ကွင်းလယ်မည်သည့်နေရာတွင်မဆို ကစားနိုင်ကြောင်း ဗန်ဒယ်ဘိခ် ပြောကြား

ကွင်းလယ်မည်သည့်နေရာတွင်မဆို ကစားနိုင်ကြောင်း ဗန်ဒယ်ဘိခ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 19 September 2020

မန်ယူကွင်းလယ်ကစားသမားသစ် ဗန်ဒယ်ဘိခ်က မိမိအနေဖြင့် ကွင်းလယ်မည်သည့်နေရာတွင်မဆို ကစားနိုင်ကြောင်း ပြောကြားခဲ့သည်။ 

ဗန်ဒယ်ဘိခ်သည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် အေဂျက်စ်အသင်းမှ မန်ယူအသင်းသို့ ပေါင်သန်း (၄၀)ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ 

မန်ယူအသင်း၏ ကွင်းလယ်တွင် ဘရူနိုဖာနန်ဒက်စ်၊ ပေါ့ဘာတို့ ရှိနေသည့်အတွက် ဗန်ဒယ်ဘိခ်အား မည့်သို့အသုံးပြုမည်ကို ဘောလုံးဝေဖန်သူများက မေးခွန်းထုတ်နေကြသည်။ 

သို့သော် ဗန်ဒယ်ဘိခ်က မိမိအနေဖြင့် ကွင်းလယ်နေရာစုံတွင် ကစားနိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ကွင်းလယ်နေရာစုံမှာ ကျွန်တော် ကစားနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ကွင်းလယ်မှာ ကျွန်တော် နေရာတော်တော်များများ ပြောင်းလဲကစားခဲ့ရပါတယ်။ နံပါတ် (၆)နေရာ၊ နံပါတ် (၈)နေရာနဲ့ နံပါတ် (၁၀)နေရာတွေမှာ ကစားခဲ့ရတာတွေ ရှိပါတယ်။ ဒါက ကျွန်တော့်အတွက်တော့ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အားသာချက်ကတော့ ဧရိယာဝင်ပြီး ဂိုးသွင်းတာနဲ့ ဂိုးသွင်းခွင့်တွေ ဖန်တီးရတာပါ"ဟု ဗန်ဒယ်ဘိခ်က ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် ယနေ့(စက်တင်ဘာ ၁၉ ရက်၊ မြန်မာစံတော်ချိန် ည ၁၁:၀၀ နာရီ)တွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။

Most Read

Most Recent